PT . 3

102 18 4
                                    

Zawgyi.......

ပြတင်းပေါက်ကတိုးဝင်လာသော နေရောင်ခြည်ကြောင့် ဂန်ထယ်ဟျွန်းတစ်ယောက် အိပ်ယာမှထပြီး ကိုယ်လက်သန့်စင်ကာ ကျောင်းသွားဖို့ ပြင်လိုက်၏။
မီးဖိုချောင်မှာ ဘွားဘွားပြင်ပေးထားတဲ့ မနက်စာကိုစားလိုက်၏။

ဘွားဘွားမှလည်း ကျောင်းမှာဟျူးနင်းကိုတွေ့ရင် သေချာတောင်းပန်စကားပြောဖို့ တဖွဖွမှာလိုက်၏။
ကျွန်တော်လည်း ကျောင်းသို့အရင်မသွားပဲ ဟျူးနင်းအိမ်သို့ စက်ဘီးစီးပြီး သွားလိုက်၏။

ဟျူင်းနင်းအိမ်ရှေ့ရောက်၍ ဘဲလ်တီးလိုက်၏။

"တင်းတောင် တင်းတောင်"
သုံးကြိမ်မြောက် လူခေါ်ဘဲမြည်သံကြားမှ ဟျူးနင်းတစ်ယောက် တံခါးဖွင့်ပေး၏။

ကျွန်တော်ကို မြင်တော့ ချက်ချင်းတံခါးပိတ်မယ်ဟန်ပြင်သဖြင့် အိမ်တံခါးကို ခြေကန်ဆွဲထားရသေး၏။

"ခဏလေးပါပဲ ပြောစရာရှိလို့ပါ နားထောင်ပေးရင် သိပ်ကောင်းမှာပဲ"
ဟျူးနင်းသည်လည်း အသည်းသိပ်မမာနိုင်သဖြင့်

"မြန်မြန်ပြော"ဟုသာပြန်ပြောလိုက်၏။

"ငါ့အဘွားက ပြောတယ် မင်းဘွားဘွားကိုရော မင်းတို့မိသားစုဝင်တွေအားလုံးကိုရော တောင်းပန်ပါတယ်တဲ့ မရည်ရွယ်ပေမယ့် တိုက်ဆိုင်သွားတဲ့အတွက် ထပ်တူဝမ်းနည်းရတာမို့ စိတ်ရင်းနဲ့ တောင်းပန်ပါတယ်တဲ့"

"ဒါပဲလား ဒါဆိုရင် မင်းပြန်တော့လေ"
တံခါးပိတ်ဖို့ ဟန်ပြင်နေသော ကောင်လေးအား ထပ်တားလိုက်မိပြန်၏။

ငါလည်း မင်းကို ပြောစရာရှိတယ် နားထောင်ပေးအုံး

"ဟျူးနင်းခါအီ မင်းကို သဘောကျတယ် ပထမဆုံးဘုရားကျောင်းမှာ စတွေ့ကတည်းက မင်းကိုသဘောကျသွားတာ အခုထိသဘောကျတုန်းပဲ ဒါမှမဟုတ် ချစ်မိသွားတာများလား"

"အင်း ဟုတ်လား ငါကတော့ မင်းကိုမုန်းတယ် " ခပ်မြန်မြနိသာဖြေလိုက်မိ၏။
ထို့နောက် တံခါးကို ပိတ်လိုက်၏။

**ဒီကောင်လေးရဲ့ သဘောကျပါတယ် ချစ်မိသွားပါတယ်ဆိုတဲ့ စကားလေးမှာနစ်မြောသွားတယ်တဲ့လေ မဟုတ်ဘဲနဲ့ပြောလိုက်ရပေမယ့် ရင်ဘတ်ထဲကနာ၏။စိတ်မကောင်းဖြစ်သွားတဲ့မျက်နှာလေးကို မြင်တော့ ပြေးဖက်၍ ရင်ခွင်ထဲထည့်ထားချင်မိ၏။မဖြစ်နို်င်တာတွေ တွေးနေတာကို ရပ်လိုက်ပါတော့ ဟျူးနင်းခါအီရယ်"ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေး၍ Hawaiiသွားဖို့ ပြင်ဆင်ရတော့၏။အခုမှသတိရမိသည်။ စာကို စာတိုက်ကနေတစ်ဆင့် ဂန်ထယ်ဟျွန်းစီပို့ပေးဖို့ ထည့်ပြီးပြီမလား
အစကတည်းက ပေးဖို့ရည်ရွယ်ထားမှတော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်
အဝတ်အစားထည့်ပြီးနောက် မေမေနဲ့ဟီအဲကို သွားနူတ်ဆက်၍ လေယာဉ်ကွင်းသို့သာ အစောကြီးသွားနေလိုက်၏။

Finally!Found You💕Where stories live. Discover now