"ငါတို့ဆောနူးလေးက အရမ်းတော်တာပဲ"
တစ်ခုသောညနေကျောင်းဆင်းချိန် volleyball clubရဲ့ရှေ့မှာ တစ်ယောက်သောသူကိုစောင့်နေတဲ့ ကင်ဆောနူးကို တစ်သင်းထဲက senior သုံးယောက်က ရပ်ပီးစကားပြောနေကြသည်။
"ချစ်စရာလည်းကောင်းတယ် tossပေးတာလဲ အရမ်းတော်တာပဲ "
Senior ဂျုံဆောင်းက ဆောနူးရဲ့လိမ္မော်ရောင်ဆံပင်ပျော့ပျော့တွေရှိတဲ့ခေါင်းလေးကို အသာဖွပီးပြောသည်။volleyballမှာတော်တာရော၊ အူယားစရာရုပ်လေးကြောင့်ရော ဆောနူးကိုဆို senior တို့ကအမြဲတမ်း အသည်းတယားယားနဲ့ ။ဆောင်းဟွန်းနဲ့ jakeကလည်း သူ့ပါးတွေကိုအပြိုင်ဆွဲဖို့ ပြင်နေတုန်းမှာ
"ဂါးး မလုပ်နဲ့ ဘာလုပ်နေကြတာလဲ
ကိုယ်ထိလက်ရောက် "မာန်ဖီနေတဲ့ကြောင်လေးတစ်ကောင် ကသူတို့ရှေ့ကို လေရဲ့အဟုန်နဲ့ရောက်လာသည်။
"ဒီအကိုကြီးတွေက သူများအကိုကို ကျီစယ်ဖို့အချိန်ရှိရင် ဘောလုံးတွေကူသိမ်းပေးဖို့ကောင်းတယ်ဗျ ဟွန်း"
ဆောနူးကို သူ့ဘက်ဆွဲခေါ်လိုက်တဲ့ ယန်းဂျောင်၀န်းက နှာခေါင်းမှလေပူတစ်ချို့ကို
မှုတ်ထုတ်လိုက်သေးသည်။"ဒါပေမဲ့ ဂျောင်၀န်းရဲ့ဂျူတီလေကွာ ဒီနေ့က"
"မသိဘူးဗျာ မသိဘူး
နောက်ဆို အကို့ပါးကိုထိဖို့မကြံနဲ့နော် အကိုကြီးတို့ အကို့အမေနဲ့တိုင်ပြောလိုက်မှာ"ပြောရင်းဆိုရင်း ကင်ဆောနူးကိုလက်ဆွဲခေါ်ပီး ဘောက်ဆတ်ဆတ်နဲ့ထွက်သွားတဲ့
ဂျောင်၀န်းကို ထိုသုံးယောက်ကတော့ ပြုံးစိစိပဲ ကြည့်ရင်းကျန်ခဲ့သည်။ ထိုကလေးနှစ်ယောက်က ကစားရာမှာလည်း chemistry အမိဆုံး ၊ ကင်ဆောနူးtossလုပ်လိုက်တဲ့မည်သည့်ဘောလုံးကိုမဆို ယန်းဂျောင်၀န်းက ဖြောင့်ဖြောင့်တန်းတန်း spikeနိုင်သည်သာ။ရပ်ကွက်နဲ့ ကျောင်းနဲ့က သိပ်မဝေးတာမို့
သူနဲ့ အကိုနဲ့က နေ့တိုင်းအတူတူလမ်းလျှောက်ပြန်ကြသည်။ ညနေခင်းရဲ့
နေရောင်ခြည်ရောထွေးနေတဲ့ လေပြည်တွေကြားထဲမှာ အကိုနဲ့ဘေးချင်းယှဉ်ပီး လမ်းလျှောက်နေရတာလည်း သူ့အတွက်အဖိုးမဖြတ်နိုင်တဲ့ သုခဘုံတစ်ခု ။
YOU ARE READING
Yoi, you are my lifeline
Fanfictionကျွန်တော်အကို့ကိုကြိုက်နေတာ အင်္ဂါဂြိုဟ်ပေါ်က ဂြိုဟ်သားတွေ လှမ်းကြည့်ရင်တောင် မြင်တယ် + Jayhoon extra 🍃