တစ်သွင်သွင်စီးနေတဲ့ချောင်းလေးထဲမှာ စိန်ပန်းနီနီဆွေးဆွေးတို့က ကူးခတ်နေကြသည်။ နွေဦးရဲ့ လေရူးတွေကလည်း ဦးတည်ရာမဲ့ တိုက်ခတ်နေတာမို့ စိန်ပန်းပွင့်အကြွေတို့က သူ့မျက်နှာထက်ကိုပါ တစ်ခါတစ်ခါ လာရောက်တို့ထိကျီစားနေကြသေးသည်။ဂျုံဆောင်းက ထိုအတွက်တော့ စိတ်မရှုပ်မိ၊ သဘာ၀ကြီးကိုချစ်တဲ့သူ့အဖို့ စိတ်ညစ်ရတဲ့အချိန်တွေမှာ ရှုခင်းတွေကသာ
အမြဲနှစ်သိမ့်ရာဖြစ်ခဲ့သည်မို့ ။"ဂျေအီးယား ရှာလိုက်ရတာကွာ
အဆွေးဇာတ်ခင်းနေပြန်ပီပဲ မင်းက ""ပက်ဆောင်းဟွန်း အာရုံလာမနောက်နဲ့ကွာ "
"ဒါဆိုလည်း အနည်းဆုံးတော့ မင်းချစ်နေတာကို သူသိအောင်ပြောပြခဲ့သင့်တယ်လေ"
သူ့မျက်လုံးတွေထဲကိုတည့်တည့်စိုက်ကြည့်ပြီး အပြစ်တင်တယ်လို့မဆိုရလောက်တဲ့လေသံနဲ့ ပြောလာတဲ့ ပက်ဆောင်းဟွန်းကို
ဒီတစ်ခါမှာတော့ ရန်မထောင်နိုင်ခဲ့၊ သူတတ်နိုင်သမျှက သက်ပြင်းခပ်လေးလေးတစ်ခုမျှသာ။"ငါဘယ်လိုသတ္တိနဲ့ မျက်နှာပြောင်တိုက်ရမှာလဲ ဆောင်းဟွန်းရာ သူကဆောနူးကိုချစ်နေတာ အသိသာကြီးပဲကို ငါ့ကို သူကရိပ်မိမှာတောင် မဟုတ်ပါဘူး "
"ယားးး ပက်ဆောင်းဟွန်း "
ပြောရင်းဆိုရင်းနဲ့ လိမ္မော်တုတ်ထိုးချိုချဉ်ကိုဖောက်ပြီး နှုတ်ခမ်းတို့နဲ့ထိလိုက်တုန်းမှာပဲ ဘေးကမျက်နှာ ထ ထရူးတတ်တဲ့ကောင်က ထိုစုပ်လုံးကို ယူ၍ပြေးသွားလေပြီ။
ဂျုံဆောင်းနဲ့ဝေးလာတော့ သူ့မျက်နှာတို့က အလိုလိုတည်တံ့သွားသည်။ ထိုချိုချဉ်လေးကို စိုက်ကြည့်ရင်း သူ့စိတ်တို့က ဗလာကျင်းသွားသလိုတောင် ခံစားလိုက်ရသည်။ လိမ္မော်ချိုချဉ်လေးကို အရသာခံလိုက်ရင်း
"တကယ်တော့ ငါချစ်နေတာလည်း မင်းမသိဘူးပဲ ငအလေး"
*****
အထက်တန်းနောက်ဆုံးနေ့ရဲ့ နှုတ်ဆက်ပွဲလေးကို karaokeမှာပဲ ကျင်းပဖြစ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် သူတို့volleyballတစ်သင်းတည်းတူတူကစားရတဲ့ သက်တမ်းကလည်းကုန်ဆုံးသွားခဲ့ပြီ။
ဒါကြောင့် တစ်သင်းတည်းဖြစ်တဲ့ဟိုကလေးနှစ်ယောက်ကလည်း သူတို့နဲ့အတူပါလာခဲ့သည်။
YOU ARE READING
Yoi, you are my lifeline
Fanfictionကျွန်တော်အကို့ကိုကြိုက်နေတာ အင်္ဂါဂြိုဟ်ပေါ်က ဂြိုဟ်သားတွေ လှမ်းကြည့်ရင်တောင် မြင်တယ် + Jayhoon extra 🍃