အပိုင်း (၃)
ထိုငွေရောင်စာအုပ်တွင်ပါဝင်သော စာမ်ားအား..အဆုံးထိဖတ်ခါ..ထိုစာအုပ္ကို စားပွဲတွင်တင်ထားသည်...
"ဖြား..ကျတော်တို့အကြောင်းစုံလဲသိပြီလေပြီ..ဖြစ်ပျတ်ခဲ့တာတွေကိုလည်းသိလေပြီ..လုလုကိုတကယ်မတွေ့တော့ဘူးလားဖွား.."
"သားဝမ်~~ဖွားမတွေ့ချင်တာမဟုတ်ပါဘူးကွယ်..ဖွားမြေးလေးပဲဖွားတွေ့ချင်တာပေါ့ကွယ်..သို့သော်ငြားလဲ ဖွားမတတ်နိုင်တော့ဘူးကွယ်..မြေးမလေးရဲ့အချစ်စစ်တွေ့မှပဲဖွားတွေ့နိုင်တော့မယ်"
"ဖြား..လုလုကို တွေ့သင့်တယ်..ဘာပဲဖြစ်ဖြစ်လုလုမှာ အခုထိ ကျောက်မိသားစုပြောဆိုတာခံနေရတုန်းပဲဖွား"
"ဖွားသိတယ်..မြေးဝမ်..ဖွားဘာပြောနိုင်မလဲကွယ်..သူ့ရဲ့အချစ်စစ်က ယောကျာ်းဖြစ်စေမိန်းမဖြစ်စေဖွားမကန့်ကွက်ဘူး..သူတို့တစ်ယောက်နဲ့ချစ်နေရင်ရပါပြီကွယ်..ပြောရရင်သားတို့လို့ပေါ့"
"ဝမ်..မပြောနဲ့တော့..ဖွားနားပါစေ..မောင်တို့သွားရအောင်.."
"အင်းပါ..ဖွားအဲ့တာဆိုကျတော်တို့သွားပြီနော်"
"အေးကွယ်.."
ရှောင်ကျန့်သတိထားမိသည်..ထိုရွှေရောင် ဗီရိုထဲမှာ ငွေရောင်စာအုပ်တစ်အုပ်ကျန်နေသေးသည်..
"ဝမ်..သတိထားမိသေးလား..ဖွားနဲ့ရှိနေစဉ်အတွင်းမှာ"
"ဘာကိုလဲ..မောင်"
"ငွေရောင်စာအုပ်နောက်အုပ်.."
"ဟင်...?တစ်အုပ်ပဲရှိတာပါမောင်ရဲ့.."
"မဟုတ်ဘူးဝမ်..နောက်တစ်အုပ်ပိုပြီး ဝင်လက်တောက်ပနေတယ်..ကဲပါလေ ထားပါတော့နောက်မှသွားပြီးထပ်ဖတ်ကြတာပေါ့"
"အော်..အင်းပါမောင်ရယ်.."
ရိပေါ်တို့ ဂေဟာမှထွက်ခါအိပ်ပြန်လာခဲ့သည်..ပြန်လမ်းတစ်လျောက်တွင် ရှောင်ကျန့်ခေါင်းရှုပ်လို့နေသည်..ထိုငွေရောင်စာအုပ်ကိုကြည့်မိတဲ့အချိန်မှာ မှုန်ဝါးဝါး အရိပ်တစ်ခုပေါ်လာသည်..ထိုအရိပ်သည်ကာ ဘာကိုဆိုလိုမှန်းမသိပေ..ထိုပုံရိပ်ထဲကသူ၏ ခေါ်ခံမှာ သူကို "ရှောင်သခင်လေး"ဟုသာခေါ်နေသည်...
![](https://img.wattpad.com/cover/320815127-288-k541687.jpg)