Unicode
လူတစ်ယောက်ကို ကြိုက်မိသွားရုံပဲဖြစ်ဖြစ် သဘောကျမိသွားရုံပဲဖြစ်ဖြစ် မင်းနာကျင်ရမယ်သိတဲ့အခါ မင်းစိတ်ကိုထိန်းချုပ်လိုက်ဖို့အချိန်မီပါသေးတယ်
သဘောကျတာထက်ပိုပြီးနှလုံးသားတစ်ခုလုံးနဲ့နှစ်နှစ်ကာကာချစ်မြတ်နိုးမိသွားပြီဆို ရင်တော့မင်းနာကျင်ခံစားရတဲ့အခါ
အချိန်ကကုစားသွားမှာပါအချိန်ကအကောင်းဆုံးသမားတော်ပါတို့ဆိုတာက မင်းအတွက်အသုံးမဝင်တဲ့စကားပုံသက်သက်သာမျှသာဖြစ်သွားပေလိမ့်မည်လူတွေကပြောကြတယ် ကိုယ်ချစ်ထက် သူချစ်ကိုသာရွေးချယ်လိုက်ပါတဲ့ မင်းတစ်သက်လုံးနာကျင်မှုမရှိပဲပျော်ရွှင်ရလိမ့်မယ်တဲ့ ဒီစကားကိုလည်း ဘယ်သူ့ကိုမှမချစ်ဖူးသေးတဲ့နှလုံးသားအသစ်စက်စက်နဲ့ဆိုရင်တော့လက်ခံပေးနိုင်ပါတယ်
တစ်စုံတစ်ယောက်ကိုမြတ်နိုးပြီးသား နှလုံးသားတစ်စုံနဲ့တော့ ဘယ်သူ့ကိုမှထပ်ချစ်ဖို့ကြိုးစားလို့မရတော့ဘူးဆိုတာ..
ဟူး...🚬
လက်ညိုးနဲ့လက်ခလယ်ကြားက တဖန်ကုန်ဆုံးတော့မဲ့စီးကရက်တိုကိုပြာခွက်ထဲဖိချေရင်း သက်ပြင်းငွေ့ငွေ့ချမိပြန်သည်
ကောင်းကင်ကြီးကိုမော့ကြည့်ဖြစ်တော့ ကြယ်တွေစုံလို့နေသည် အတောက်ပဆုံးကြယ်လေးတစ်ပွင့်ကိုမြင်တော့ တစ်ယောက်သောသူရဲ့စကားတွေကိုကြားယောင်မိပြန်သည်
" Liက ဟိုးမှာမြင်နေရတဲ့ အတောက်ပဆုံးကြယ်လေးပဲ "
ဖြစ်နိုင်ရင်အတိတ်မေ့သွားတဲ့လူတစ်ယောက်ဖြစ်လိုက်ချင်ပါသည် မှတ်မိစရာဘာတစ်ခုမှမရှိတော့တဲ့ဦးနှောက်အသစ်နဲ့နှလုံးသားအသစ်တစ်စုံကိုသာပိုင်ဆိုင်လိုက်ချင်ပါတော့သည်
" Lice "
" မ ဘယ်တုန်းကရောက်နေတာလဲ "
" အခုလေးတင် Lice အခန်းတံခါးပွင့်နေတာတွေ့လို့ မလည်းအိပ်မပျော်တာနဲ့ Lice ဆီအလည်လာတာ "
" လက်ထဲကဝိုင်ပုလင်းက..? ဆရာဝန်မမကြီးသောက်လို့ဖြစ်ပါ့မလားနော် မနက်ဖြန်ဆေးရုံမသွားနိုင်ပဲနေမယ် "
YOU ARE READING
J's Love 🍂