A story with sneeze

684 98 77
                                    

UNICODE

" ဂျောင်ငယ်လေးရေ...အိမ်ထဲဝင်လို့ရပြီ "

" မဝင်ချင်ဘူး...နံတယ် "

" အရမ်းမနံတော့ပါဘူးကွာ ကိုယ်တို့တွေညစာစားဖို့လည်းရှိသေးတာကို "

ကျွန်တော့်ရဲ့ချစ်ယောင်္ကျားလေးက ခြံရှေ့ကဒန်းလေးပေါ်မှာထိုင်ရင်းကျွန်တော့်ကိုနှာခေါင်းလေးတရှုံ့ရှုံ့နဲ့ကြည့်နေတယ်လေ။ အကြောင်းကတော့ ခုဏလေးတင်အင်းဆက်ရှင်းလင်းတဲ့အလုပ်သမားတွေကိုလှမ်းခေါ်ပြီးအကောင်သေးသေးလေးတွေရှင်းခိုင်းကာပိုးသတ်ဆေးကိုနေရာအနှံ့ဖျန်းပေးသွားခြင်းကြောင့်ပင်။

ပိုးသတ်ဆေးအနံ့ဆိုမခံနိုင်တဲ့ကျွန်တော့်ရဲ့ဂျောင်ငယ်ကည7နာရီထိုးတဲ့အထိအပြင်မှာထိုင်နေတုန်း။ကြာရင်အအေးပတ်ကုန်တော့မှာပဲ။

" ခဏလေး ကိုကိုပြန်လာခဲ့မယ် "

ထယ်ယောင်းသည်အိမ်ထဲသို့တစ်ဖန်ပြန်ဝင်သွားကာမီးဖိုခန်းထဲဝင်သွားလေသည်။ ဒါကိုဂျောင်ဂုသည်ဂရုမစိုက် ထိန်ထိန်သာနေသောလမင်းကြီးအားငေးမော့ကာကြည့်နေလေသည်။

" ကိုကို့ ကိုလာကူပါအုံးအချစ်ကလေးရေ "

ကိုကိုယောင်းရဲ့အော်ခေါ်သံကြောင့်အိမ်ပေါက်ဝကိုလှမ်းကြည့်တော့....
အမယ်လေးဘုရားသခင်! မနိုင်မနင်းနဲ့လင်ဗန်းအကြီးကြီးကိုရင်ဝယ်ပိုက်လာတာပဲ။ ဗန်းကြီးထဲမှာလည်းဟင်းခွက်ပန်းကန်တွေကအပြည့်နဲ့မို့သူ့ခဗျာမနည်းထိန်းကိုင်လာရရှာတယ်။
ကပိုကရိုဖြစ်နေတဲ့ပုံလေးကရုတ်တရက်ကြည့်ကြည့်၊ဒဲ့ပဲကြည့်ကြည့်အမြဲလိုလိုခန့်ညားနေရော...ခိခိ

" ဟေ့ ရယ်မနေနဲ့လေ လာကူလှည့်အကုန်ညစာငတ်ကုန်မယ် "

" ဟွန့် ညရောက်ရင်သူကထပ်စားရမဲ့သူကများ "

ဂျောင်ငယ်လေးသည်နှုတ်ခမ်းလုံးလေးကိုအနည်းငယ်စူကာတင်လေးကိုကော့ရင်းခြေဆောင့်ပြီးကိုကိုယောင်းဆီသို့သွားလေသည်။

" ပေးပေး "

" အချစ်တွေလား? ရင်ဘတ်ထဲမှာအပြည့်ပဲယူ~ "

ကိုကိုယောင်းကဗန်းကိုလာကိုင်ပေးတဲ့ဂျောင်ငယ်လေးကို flirt ကာရင်ဘတ်လေးကိုကော့ပေးပြီးမျက်စိတစ်ဖက်မှိတ်ပြလေတယ်။

A HOMEMADE GIFT(HE IS MY HUSBAND)Where stories live. Discover now