DEAR (part-1)

739 56 5
                                    

"ကျုံးစိန်း"

"ရား ပတ်ဆောင်းဟွန်း ငါ့ကို အဲ့လိုမခေါ်နဲ့လို့မင်းကိုပြောထားတယ်လေ"

"ဘယ်တုန်းက မသိပါဘူး"

"မသိရင် ပြန်ပြောမယ် လာ"

"မလာတာ ဆယ့်နှစ်ခါ"

"အေး မင်းမလာရင် ငါလာပီ မိရင် သေဖို့သာပြင်"

''blah blah ဟား ဟား"

ရှေ့ကပြေးနေတဲ့ ဆောင်းဟွန်းက ပါးစပ်တစ်ချက်မပိတ် သူ့ကို တကျုံးစိန်းတည်းကျုံးစိန်းရင်း စ,နေမြဲ။ သူ့ကိုလိုက်ဖမ်းနေရတဲ့ ဂျုံဆောင်းမှာတော့ သူ့လိုက်ရလို့တစ်မျိုး အထုပ်တွေကိုင်ထားပီးပြေးနေတဲ့ သူ့အစားမောရတာတစ်မျိုးနဲ့ ကြာတော့ မခံနိုင်တော့။ ဒီကောင်ဘာတွေစားပီး ဒီလောက်သက်လုံကောင်းနေလဲမသိ။ အေးပေါ့ သူကဘောလုံးသမားပဲဟာ မဆန်းပါဘူး။ ဂျုံဆောင်းတစ်ယောက်သာအပျင်းတစ်ပီး ဘာအားကစားမှမလုပ်တဲ့အကျိုးကျေးဇူးတွေပေါ့။ နောက်မှပဲ အဲ့လန်ဘားကိုပညာပေးတော့မယ်။ ခုတော့ မရတော့ဘူး Energyလိုနေပီ Energy

''ရော့ သောက်လိုက် မောနေပီမလား အဲ့ကြောင့်ပြောတာ စိတ်ကိုလျှော့လို့ ခုတော့ ငါတို့ကျုံးစိန်းလေးပဲ ပင်ပန်းရတာမလား"

တော်တန်တိတ်ဆိုတဲ့အကြည့်တစ်ချက်ပေးကာ အအေးဗူးကိုသာ သောက်နေလိုက်သည်။

"သောက်လို့ဝရင်လည်း အအေးဗူးဖိုးပေး"

"ဘာ"

''ဟုတ်တယ်လေ မင်းကိုအလကားတိုက်တယ်များထင်နေလား"

''သူငယ်ချင်းချင်းပဲဟာ အအေးတစ်ဗူးလေးကို မသထာဘူးပေါ့"

"လောကမှာ ဘယ်အရာမှ အလကားမရဘူးလေ ကျုံးစိန်းလေးရဲ့ သူငယ်ချင်းက သူငယ်ချင်း ပိုက်ဆံကပိုက်ဆံ"

အတည်ကြီး လက်ဖြန့်ကာ ပိုက်ဆံတောင်းနေတဲ့ ဒီလန်ဘားကောင်ရဲ့ပြီတီတီရုပ်ကိုကြည့်ပီး ကုတ်ဖဲ့ပစ်လိုက်ချင်တာ။

"အဲ့လိုကြီး ချစ်စရာကောင်းအောင်လာမကြည့်နဲ့လေ ဘယ်လောက်ချစ်စရာကောင်းအောင်ကြည့်ကြည့် ပိုက်ဆံကပေးရမှာပဲနော် ကျုံးစိန်းလေး"

"ဘယ်နားက ချစ်စရာကောင်းအောင်ကြည့်နေလို့လဲ သတ်ချင်နေတာ သိလား သတ်ချင်နေတဲ့အကြည့် မသိရင်မှတ်ထား ဂလန်ဂလားလန်ဘားParkရဲ့"

DEARWhere stories live. Discover now