"ကျုံးစိန်း"
"ကျုံးကလေး"
"ဂျုံပိစိရေ"
"ကိုယ့်သည်းသည်းတုန်လေးရေ"
"ဒီမှာ ကျုံးစိန်းလည်းမရှိဘူး ကျုံးကလေးလည်းမရှိဘူး ဂျုံပိစိဆိုတာလည်းမရှိဘူး ကိုယ့်သည်းသည်းတုန်လည်းမရှိဘူး အိမ်မှားလာတယ်ထင်တယ်"
"ဟာကွာ ကျုံးစိန်းလေးကလည်း ကိုယ်မှားပါတယ်ကွာနော် နောက်ကိုလူကြားထဲမအော်တော့ဘူးလို့ နော် နော်လို့"
"မသိဘူး သွား"
"ဘယ်သွားရမှာလဲ ကိုယ်က"
"မင်းဘာသာမင်း ဘယ်သွားသွား"
"တကယ်နော်"
"တကယ် ဘယ်သွားသွား ဟ ဟ ပတ်ဆောင်းဟွန်း ဘာလုပ်တာလဲ မင်းခန္ဓာကိုယ်ကြီးနဲ့ ဘယ့်နဲ့ ငါ့ရင်ခွင်ထဲဇွတ်တိုးနေတာလဲ ဖယ်စမ်းပါ"
"ကျုံးစိန်းပဲ ဘယ်သွားသွားဆို အဲ့ကြောင့် ကျုံးစိန်းနှလုံးသားလေးထဲသွားနေတာလေ"
"ဘာတွေပြောနေတာလဲ ရှက်လည်းမရှက်ဘူး"
"ဘာကိစ္စ ရှက်ရမှာလဲ မရှက်ပါဘူး မကြားဖူးဘူးလား ကြိုက်မရှက်ငိုက်မရှက်တဲ့"
"မင်းမရှက်လည်း ငါရှက်တယ် ဖယ် လွှတ်စမ်းပါ လူကို ဖက်လုံးထင်နေလား အသက်ရှူကျပ်နေပီ"
"မလွှတ်ပါဘူး ကိုယ့်ကိုကျော်ပီး ရည်းစားထားချင်နေတဲ့ အသေးလေးကိုအပစ်ပေးတဲ့အနေနဲ့ ဖက်ထားတာ မလွှတ်တော့ဘူး"
"မင်း"
"omm မင်း ပီးတော့ဘာလဲ ဆက်ပြောလေ"
သူ့ရင်ခွင်ထဲက ဂျုံဆောင်းကို စေ့စေ့ကြည့်ပီး ပြောနေတဲ့ဆောင်းဟွန်းကြောင့် ဂျုံဆောင်းခများ ဘာပြောလို့ပြောရမှန်းမသိတော့။ အကြည့်ချင်းလည်းမဆုံရဲပဲ တောင်ကြည့်မြောက်ကြည့်လုပ်နေတာကို ဂျုံဆောင်းမျက်လုံးတွေထဲ မရမကအကြည့်ချင်းလိုက်ဆုံနေတဲ့ဆောင်းဟွန်းကြောင့် မတတ်နိုင်တဲ့အဆုံး ဆောင်းဟွန်းရင်ခွင်ထဲပဲ မျက်နှာဖွက်ထားမိတော့တယ်။
"တော်တော့ကွာ ငါရှက်လာပီ မစ,နဲ့တော့"
"ရှက်ရင် အဲ့လိုပုန်းရတယ်လို့ ဘယ်သူသင်ပေးလိုက်တာလည်း ပြောစမ်းပါ အဲ့သူကို ကန်တော့ပွဲနဲ့သွားကန်တော့ချင်လို့"