ဤဇာတ်လမ်းသည် မည်သူမည်သည့်နိုင်ငံရေးနှင့်ပုဂ္ဂိုလ်ရေးများကိုရည်ညွှန်းခြင်းမရှိပါ။စာရေးသူ၏ဖန်တီးမှုသက်သက်သာဖြစ်သည်။
.........
မျက်စိတစ်ဆုံး ကျယ်ပြောလှသော အစိမ်းရောင်ကုန်းမြင့်တို့၏ တစ်ခုသော နေရာတွင် မြင်းနှစ်စီးသည် အပြေးနှင်နေသည်။ နတ်မြင်းပျံများကဲ့သို့ မြူးကြွားကြွားနှင့် ငြိမ့်ညောင်းနေခြင်း အလျဥ်းမရှိ။ စစ်ချီမြင်းခွာသံများဖြင့် အပြင်းနှင်လာကြသည်။
မြင်းပေါ်ရှိလူနှစ်ဦးတွင် တစ်ယောက်သောသူ၏ မျက်နှာသည် ယခုအမှုကို မပြုချင်သောပုံပေါ်သည်။ စိတ်ထဲမှ မပါဘဲ မာကြောခက်ထန်လှသည့် အရှင်၏ သဘောထားကို မလွန်ဆန်နိုင်သည့် အသွင်ရှိသည်။ အရှင်၏ မျက်နှာတော်အား ခဏခဏငေးကြည့်ရင်း စိတ်ပူပန်နေသည်။
မြင်းခွာသံများသည် တစ်ခုသော တောင်အငူပေါ်တွင် ရပ်တန့်သွားသည်။ အဆိုပါ သူရဲကောင်းသည် အရှင်၏ နှုတ်မှ ထွက်ပေါ်လာမည့် အမိန့်တစ်ခုခုကို စောင့်နေဟန်ရှိသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာသည်
တစ်လတ်လတ်နှင့် တောင့်တင်လှစွာသော ခန္ဓာကိုယ်အချိုးအစား အတိုင်း အံဝင်ဂွင်ကျရှိလှသည်။နှဖူးတွင်စည်းနှောင်ထားသော ရွှေရောင်ပဝါစည်းသည် လေထဲတွင် လွှင့်ပြယ်နေသည်။ အနက်ရောင် ဆံနွယ်များကို တင်းရင်းစွာ ချည်နှောင်ထားသည့်အတွက် နဂိုမာထန်နေသော မျက်နှာထားသည် ပို၍တင်းမာလာကာ ချောမောကြည့်ကောင်းလှသည့် မျက်နှာအား ပိုမိုရှင်းလင်းစွာ တွေ့မြင်ရစေသည်။
မြင်းဇာက်ကြိုးကို ဆွဲကိုင်ထားသော လက်တစ်ဖတ်သည် အကြောများထောင်တက်နေကာ တစ်ခုခုကို အံကြိတ်ထားပုံရသည်။အခြားလက် တစ်ဖတ်သည် ပတ္တမြားကျောက်စီထားသည့် ရန်သူများစွာကို သတ်ဖြတ်ခဲ့သော ဓားကို တင်းကြပ်စွာ ကိုင်ထားသည်။
ကော့စင်းနေသော မျက်တောင်များနှင့် ခန့်မှန်းရခတ်စွာသော အညိုရောင်မျက်ဝန်းဝိုင်းဝိုင်းများသည် မလှုပ်မခတ်ပင် အရှေ့တည့်တည့်ရှိ တိုင်းပြည်ငယ်တစ်ခုကို စိုက်စိုက်
ကြည့်နေသည်။
YOU ARE READING
Jikook oneshot collection (Zawgyi+Unicode)