Part 1

1.2K 83 7
                                    

နေရာအနှံ့မှာ မြူ​တွေဆိုင်း​နေ​တော့ ဂိုဂီမြို့​လေးရဲ့ မနက်ခင်းဟာ အုံ့အုံ့မှိုင်းမှိုင်းနဲ့ ခပ်​ဆွေး​ဆွေး ပန်းချီကားတစ်ချပ်လိုပါပဲ။ရာသီဥတုကလည်း ချမ်း​အေးလှတာမို့ လူတစ်ချို့က ဟို​နေရာတစ်စု ဒီ​နေရာတစ်စု မီးလှုံ​နေတာကို တွေ့​နေရတယ်။

မြို့လယ်​ခေါင်မှာရှိတဲ့ မြင်းပြိုင်ကွင်းကြီးထဲမှာ​တော့ လူ​တော်​တော်များများ စုရုံး​ရောက်ရှိ​နေကြတယ်။အားလုံးက ပျော်​ပျော်ရွှင်ရွှင်ပဲလို့​တော့ ထင်ရတာပါပဲ။အထူးသဖြင့် ပုရိသ ယောက်ျား​တွေပေါ့။

အ​ကြောင်းရင်းက ဒီမြင်းပြိုင်ကွင်းကြီးထဲမှာ သတို့သမီး​ရွေးချယ်ဝယ်ယူတဲ့ပွဲ​တော်ကြီး ကျင်းပ​နေတာ​ကြောင့်​ပါ။အမျိုးသား​တွေဟာ သူတို့လိုချင်တဲ့ အမျိုးသမီး​တွေကို တစ်နှစ်မှတစ်ခါ ကျင်းပတဲ့ ဒီပွဲ​တော်မှာ ရွေးချယ်ဝယ်ယူလက်ထပ်ကြတယ်။သ​ဘောကျတဲ့လူ​တွေ့တဲ့အခါ သက်ဆိုင်ရာ အမျိုးသမီးရဲ့ မိဘ​ဆွေမျိုး​တွေကို သတ်မှတ်ထားတဲ့ ပိုက်ဆံပေးပြီး ဝယ်ယူလက်ထပ်ကြတယ်။

အမျိုးသမီး​တွေရဲ့ အသက်အရွယ်အလိုက်လည်း စျေးကို အမျိုးမျိုးသတ်မှတ်ထားကြ​သေးတယ်။အသက် ၂၀ အောက်ဆိုရင် စျေးနည်းပြီး​တော့ ၂၀ အထက်ဆိုရင် စျေးပို​ပေးရလိမ့်မယ်။အမျိုးသမီး​ရော အမျိုးသား​ရော  အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ဒီပွဲ​တော်မှာ ပါဝင်ခွင့်ရှိပါတယ်။

တစ်ချို့က နှစ်ဦးသ​ဘောတူကြည်ဖြူလို့ အမျိုးသား​နောက် လိုက်သွားကြသလို တစ်ချို့က မိဘ​တွေရဲ့ အတင်းအဓမ္မတိုက်တွန်းမှု​ကြောင့် မကြိုက်နှစ်သက်ပါပဲ မကြည်ဖြူပါပဲ လိုက်သွားရတာ​တွေလည်း ရှိတယ်။မြို့ရဲ့ ရှေးအစဥ်အလာတစ်ခုဖြစ်တာမို့ မြို့ရဲ့အကြီးအကဲကအစလိုက်နာကြ​တော့ သိပ်ပြီး မလွန်ဆန်ရဲကြဘူး။
ဂိုဂီမြို့မှာ​​နေထိုင်တဲ့ အပျိုတွေရဲ့ အိမ်​ထောင်​ရေးကံက ဒီပွဲ​တော်မှာ မူတည်​နေတယ် ဆိုရမှာ​ပေါ့။ အင်း.....ကံစမ်းမဲနှိုက်ရသလိုပါပဲ...။

"ဟဲ့...ဟိုမှာ လာ​နေတာ မြို့​တော်ဝန်ရဲ့သားသခင်​လေးဂျောင်ဂု မဟုတ်လား"

From Bride To Groom (Completed)Where stories live. Discover now