Part 6

747 87 5
                                    

ရေချိုး​ဆောင်က အဖြစ်အပျက်​တွေ အပြီးမှာ ဂျီမင်းဟာ အိမ်​တော်မှာ ဆက်မ​နေ​တော့ပဲ အ​စေခံတန်းလျားကိုသာ ပြန်သွားခဲ့တယ်။သခင်​လေးနဲ့သာ ဆက်​နေရင် ဘာ​တွေဖြစ်လာနိုင်သလဲ သူ​ရော သခင်​လေး​ရော မသိနိုင်ဘူး​လေ။သူတို့နှစ်​ယောက်ရဲ့ ရင်းနှီးမှုက သာမန်ထက်ပိုခဲ့ကြပြီပဲ။

ဂျီမင်း တန်းလျားကို ပြန်​ပြောင်းလာ​တော့ တန်းလျားက လူ​တွေက စပ်စုကြပြန်တယ်။သခင်​လေးက ပြောင်းခိုင်းတာလို့ သူတို့က ထင်​နေကြပုံပဲ။သခင်​လေးနဲ့ ဘာမှမဆိုင်ပဲ သူမ​နေချင်​တော့လို့ ပြန်​ပြောင်းလာတာဖြစ်​ကြောင်း ဂျီမင်းအ​ဖြေ​ပေးမိတယ်။

အိမ်​တော်က ရွှေ့ပြီး​နောက်ပိုင်း သခင်​လေးရဲ့ ဝေယျာဝစ္စ​တွေကို သခင်​လေးအိမ်​တော်မှာ မရှိတဲ့ အချိန်​တွေပဲ သူ​ရွေးပြီး လုပ်​ပေးခဲ့တယ်။သခင်​လေး ကိုယ်တိုင်ကလည်း ဒီရက်ပိုင်း​တွေအတွင်းမှာ အိမ်​တော်ကို ပြန်မလာနိုင်​တော့တဲ့အထိ အလုပ်​တွေရှုပ်​နေပုံရတယ်။ညဘက်​တွေ​တောင် ပြန်မလာဘူးလို့ အထိန်း​တော်မင်ဆီက​နေ ဂျီမင်း ပြန်ကြားရတယ်။

••••••••••••••••••••••••••••••••••••••••••••

ဒီ​နေ့မနက် အိမ်​တော်မှာ ရုတ်ရုတ်သဲသဲဖြစ်​နေတာကို ဂျီမင်း တန်းလျားက​နေလှမ်းမြင်​နေရတယ်။အ​ရေးကြီးကိစ္စတစ်ခုတော့ ရှိနေတယ်ထင်ပါရဲ့။

"ဒေါ်​လေးချွဲ အိမ်​တော်မှာ ဧည့်သည်တွေ​ရောက်​နေတာလား"

မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ပြင်​နေတဲ့ အ​ဒေါ်ကြီးချွဲကို ဂျီမင်း ဝင်ကူရင်း မေးလိုက်တယ်။

"ဟုတ်တယ် ဂျီမင်း​လေး မ​နေ့က သခင်​လေးပွဲ​တော်မှာ သတို့သမီးရခဲ့တယ်​လေ...အဲဒါ ဒီ​နေ့ နှစ်ဖက်မိဘ တွေ့ဆုံကြတယ်ဆိုပဲ...သတို့သမီးက​ချော​ချော​လေးတဲ့​အေ.. မကြာခင် မင်္ဂလာသတင်းကြားရ​တော့မယ်ထင်ပါရဲ့"

ဂျီမင်းရင်ထဲမှာ ဆစ်ခနဲဖြစ်သွားတယ်။ဒီလို​တွေဖြစ်မယ်ဆိုတာ ကြိုသိ​ပေမယ့်လည်း တကယ်တမ်း မြင်ရကြားရ​တော့ ရင်ထဲမှာ နာကျင်ပြီး ငိုချင်လာတယ်။ဂျီမင်းကိုယ်တိုင် ရွေးချယ်ထားတဲ့ လမ်းပဲ​လေ...ဒီအချိန်မှာ ဝမ်းသာ​နေရမယ်မဟုတ်လား...ဘာလို့ နာကျင်ဝမ်းနည်း​နေရတာပါလိမ့်။

From Bride To Groom (Completed)Where stories live. Discover now