"အန်တီရေ တော့ပိုကီနဲ့ ငါးအူချောင်း မြန်မြန်လေးချပေးပါဗျို့ ဗိုက်ဆာနေပြီ"
ဆိုင်အ၀ကနေ အော်ပြီး၀င်လာတဲ့ဘေဘီအသံလေးကြောင့် မျက်နှာပေါ်မှာ အပြုံးတို့က ချက်ချင်းဖြစ်တည်လာသည်။
မျက်လုံးလေးအသာလှန်ကြည့်လိုက်တော့ အတူလာနေကြကောင်လေးနှင့်ပင်။
ခုံမှာထိုင်ပြီးတဲ့ဘေဘီနဲ့ သူ့သူငယ်ချင်းကတော့ တော့ပိုကီနဲ့ ငါးအူချောင်းကို လုစားနေကြသည်။ တကယ်ကို ချစ်စရာလေး။
"Kimပုပု မမိလို့တော်သေးတယ် Sehun ရေ။ မဟုတ်ရင် မနက်ဖြန် ဘောလုံးကွင်းကို ပတ်ပြေးနေရဦးမယ်။"
ပါးစပ်ထဲမှာမုန့်တွေ ပလုတ်ပလောင်းနဲ့ ဘေဘီ့ရှေကကောင်လေးပြောတာကို ခေါင်းငြိမ့်ပြီးထောက်ခံတဲ့ ဘေဘီ။ ခေါင်းပဲငြိမ့်ရတာပေါ့ ပါးစပ်ဖွင့်တာနဲ့ မုန့်တွေက ထွက်ကျမယ့် အနေအထားလေ။
ကျောင်းဆင်းဖို့ နာရီ၀က်လောက်လိုသေးတာကို ခိုးထွက်လာြပီး ဆရာမကိုလဲ ပုပုတဲ့ ခေါ်ပုံက, ဘေဘီက တကယ်အဆိုးလေး။
ရှေ့က laptop ကိုအသာပိတ်လိုက်ပြီး မုန့်စားနေတဲ့ကလေးကို ခပ်တည်တည်နဲ့ ကြည့်နေလိုက်တော့ မျက်စောင်းလှမ်းထိုးသည်။
သူ့ကိုနေ့တိုင်းလာစောင့်နေတာသိလည်း ဒီလူကို လေစိမ်းတွေတိုက်ဆဲ။ အမှန်ဆို ကိုရီးယားနိုင်ငံရဲ့ အသက်ငယ်ငယ်နှင့် အောင်မြင်သူစာရင်းမှာ နံပါတစ်ပြေးနေတဲ့ Baekhyunက အားလပ်သူမဟုတ်မှန်း ဘေဘီသိလျက် ညစ်လေခြင်း။
ဒီနေ့ပါလျှင် Baekhyun ဘေဘီကိုလာစောင့်ရတာ ဆယ်ရက်တိတိရှိပြီ ဘေဘီဘက်ကတော့ မျက်စောင်းပဲလှမ်းထိုးနေတာ။ ချစ်ပါတယ်ပြောထားတဲ့သူကိုမှ သပ်သပ်ကိုဆိုးနေတာ။
အမှန်တိုင်းဆိုရလျှင် ဒီခေတ်ကလေးတွေရဲ့စိတ်ကို Baekhyun မမှန်းနိုင်ပါ။ စီးပွားရေးလောကတွင်သာအကွက်ကြိုမြင်တတ်တာ အချစ်ရေးရာမှာတော့ Baekhyunကလုံး၀မူကြိုကျောင်းသားအဆင့်။
ထို့ကြောင့်လဲ ချစ်ကြောင်းကို အတွင်းရေးမှူးနဲ့ပြောခိုင်းမိလို့ အခုလိုပညာပြခံနေရခြင်း။