"Zawgyi"

149 13 0
                                    

"ရီဝေ.. နင် ဘာတွေလုပ်နေတာလဲ!"

".........."

"နင် ပြောင်းလဲသင့်ပြီ.. ရီဝေ"

"ပြောင်းလဲလို့ရော.. သူ့ကိုပြန်ရမှာလားဟင်! ဘာလို့... ငါ့! ငါ့ကျမှ..."

"နင့်ကို ဒီလိုပုံနဲ့မြင်ရင်.. သူ ပျော်ပါ့မလား"

"ငါ မပျော်ရတာ.. အနှစ်(၂၀)ကျော်ပြီ စုသွယ်၊ လောကကြီးက မတရားလိုက်တာ၊ အပြစ်ကင်းတဲ့သူ့ကို ဘာလို့စောစောခေါ်သွားရတာလဲ"

"သူ့မှာ ကံပါသလောက်ပဲပေါ့ ရီဝေရယ်၊ ငါတို့တွေ မငယ်တော့ဘူးနော်၊ နောက်အပတ်ဆို.. နင်တောင် (၄၂)နှစ်ပြည့်ပြီ ရီဝေ"

"(၂၄)နှစ်! သူ ငါ့ဘေးက ထွက်သွားတဲ့ (၂၄)နှစ်လုံးမှာ... ငါ ပျော်ရတဲ့ရက်ဆိုတာ တစ်ရက်မှမရှိဘူး၊ ငါတို့တွေ့ခဲ့တဲ့အချိန်က တိုတောင်းပါတယ် စုသွယ်ရယ်၊ ဒါပေမယ့် ငါ့နှလုံးသားထဲကို အမြစ်တွယ်သွားတယ်"

နွဲ့ရီဝေဆိုသည့် ခေါင်းမာတတ်သည့် သူငယ်ချင်းအား စုစုသွယ်ဘာမှထပ်မပြောတော့။ ခေါင်းမာသလို အစွဲအလမ်းလည်းကြီးသည့် ရီဝေအား သူသနားမိသည်။ အချစ်ကြီးသလို သစ္စာတရားအပေါ်လည်း အလေးထားသည့် သူငယ်ချင်းမအပေါ်မှ ကံတရားဟာ ဘာကြောင့်ရက်စက်ရသလဲ။ အတိတ်တွေကိုသာ ပြင်ဆင်ခွင့်ရမယ်ဆိုလျှင် ထိုနေ့က ရီဝေ့အား စုသွယ်သွားခေါ်ခဲ့မည်မဟုတ်ပေ...။

————————————————

"ရီဝေ!! ရီဝေရေ... ရီဝေ"

"ဟဲ့! အော်ကြီးဟစ်ကျယ်နဲ့၊ ငါ လာပြီ"

စကားပြောလျှင် အာပေါင်အာရင်းသန်သန် ပြောတတ်သည့် စုစုသွယ်နှင့် ကြားရရုံမျှသာ ပြောတတ်သော နွဲ့ရီဝေတို့သည် မည်သို့မှလိုက်ဖက်ခြင်းမရှိသော သူငယ်ချင်းနှစ်ယောက်။ ဖူးပွင့်စပန်းကလေးများလို လှသွေးကြွယ်သည့် ဆယ်ကျော်သက်အရွယ်များပင်။

"ဟဲ ဟဲ.. ဒီနေ့ ဘာနေ့လဲဆိုတာ သိတယ်မလား.. ရီဝေ"

"သိတာပေါ့ စုသွယ်ရယ်၊ အင်္ဂါနေ့လေ"

"ဟဲ့!!! ရီဝေမ... ဒီနေ့ ငါ့မွေးနေ့လေ"

"ခစ် ခစ် သိပါတယ်.. သူငယ်ချင်းလေးရယ်၊ ငါက နည်းနည်းစလိုက်တာပါ၊ ရော့! ဒီမှာ မွေးနေ့လက်ဆောင်"

🎉 You've finished reading "အတိတ်မှ ဇာတ်လမ်းငယ်" "အတိတ္မွ ဇာတ်လမ်းငယ်" 🎉
"အတိတ်မှ ဇာတ်လမ်းငယ်" "အတိတ္မွ ဇာတ်လမ်းငယ်"Where stories live. Discover now