Unicodeချင်းကျင်းတောင်ထွဋ်ရှိ အရာရာတိုင်းကပုံမှန်အတိုင်းပင် မပြောင်းမလဲ ။ လေတိုက်သဲ့သဲ့ကိုကြားနေရပြီး အပြင်ဘက်တွင် ကြိုးကြာငှက်များလည်းတွန်ကြူးနေကြ၏ ။
ကြောင်ဖြူတစ်ကောင်မှာ ခုံစောင်းထောင့်တွင် ခွေခေါက်နေရင်း စာအုပ်စင်နား၌ ဂရုတစိုက်စာဖတ်နေသည့် ကျန်းရင့်ဟဝ်အားစိုက်ကြည့်နေသည် ။ သူ့အရှေ့ရှိလူအား လက်သည်းများနှင့် ခုန်ကုတ်ချင်နေသည်ကို အလွန်အမင်း ထိန်းချုပ်ထားရသည့်နှယ် သူ၏ထက်မြလှသောနားရွက်များမှာ လှုပ်စိစိဖြစ်နေပြီး သူ့အမြှီးကိုလည်း တစ်ချက်တစ်ချက်လှုပ်ရမ်းနေသေး၏။
သို့သော်ကျန်းရင့်ဟဝ်တစ်ယောက် စာရွက်လှန်တာကို ရပ်လိုက်ပြီး သူ့ကိုကြည့်လိုက်၏၊ ယင်းကတော့ တစ်ယောက်ထဲ တွတ်ထိုးနေသည်ကို ရပ်လိုက်ပြီး လက်သည်းကိုပါဖွက်လိုက်၏ ။ ပြီးတော့ သူ၏အမွှေးပွအမြှီးကို ကျိတ်မှိတ်၍ ကိုက်နေ၏ ။
ကျန်းရင့်ဟဝ်ကတော့ သူ့ကို ယင်း နည်းနည်းလေးတောင်ထိခွင့်မပေးချေ ။
ကျန်းရင့်ဟဝ် အနှီ ယင်ယန်သီးအကြောင်း စေ့စေ့စပ်စပ်ရှာဖွေနေသည်ကို ကြည့်ရင်း ယင်းကြောင်ဖြူကတော့ သူ့အမြှီးကိုသူမြှောက်၍ အမွှေးများကို 'သ ' နေ၏ ။ ချန်ရဲ့သည်မတတ်နိုင်စွာဖြင့် ခပ်တိုးတိုးဆို၏ ။
“ သူ ယောင်းဝမ်တောင်ကြားကနေ ဆေးစာကိုသေချာယူလာတာပဲဟာ၊ အဆင်ပြေသွားမှာပါ “
ကျန်းရင့်ဟဝ် သူ့ကိုပြန်တောင်မကြည့်ဘဲ သာမန်လျှံကာဖြင့် “ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မင်းသေချာ သိလို့လား “
ချန်ရဲ့ ဝူချန်းယုအား သေသေချာချာစစ်မေးပြီးပြီပင် ။ သူ့တစ်ကိုယ်လုံး မှီလိုက်ရင်း ရှစ်စွမ်း၏လက်အား သူ့ခေါင်းဖြင့် ပွတ်သီးပွတ်သပ်လုပ်လိုက်ကာ... “အရင်ဆုံးကျွန်တော့်ကို ပွတ်ပေး “
ကျန်းရင့်ဟဝ်တောင့်တင်းသွားပြီး ကြောင်ဖြူလေးကို အဝေး တွန်းလွှတ်လိုက်၏ ။
“ကိစ္စမရှိဘူး ရှစ်တိ လိုချင်တဲ့အရာကို ပေးပြီးပြီပဲ ထပ်မမေးသင့်တော့ဘူး “
YOU ARE READING
မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွမ်း [ မြန်မာဘာသာပြန် ] ( Book 2 )
Tiểu thuyết Lịch sửChapter 49 မှ -