Cassette // Prologue
Unicode
" ချီးပဲဟေ့ ! သေတော့မယ် .... "
အသံခပ်ကျယ်ကျယ် ကျိန်ဆဲသံ ထွက်လာတော့ တစ်
ခန်းလုံးက Jeff ကို လှည့်ကြည့်ကြသည် ။" ဟေ့ကောင် တိုးတိုးလေကွ ! "
Jeff က ရှေ့ခုံဆီ ခြေထောက်ဆင်းထားပြီး Laptop
ကို တဖုန်းဖုန်း ထုရိုက်နေသည် ။" ချီးပဲကွာ ချီးပဲ ! "
Jeff ဘေးက Nak က ဟိုကြည့်ဒီကြည့်နဲ့ မျက်နှာပူ
လာသည် ။" ဟေ့ကောင် ! မင်း အသံကြီးက အခန်းထဲ ဟိန်းနေပြီ ။
တိုးတိုးဆဲလေကွာ .... "" မင်း တိုးတိုးဆဲခိုင်းတိုင်း လိုက်လုပ်ရအောင် ငါက
မင်းလင်လား ? "Nak က ဘာပြောရမယ် မသိဘဲ ငြိမ်ကျသွားရသည် ။
Jeff က အမြဲတမ်း ဘုနဲ့ဘောက် ။ ပြောလို့လည်း မနိုင် ။
Nak ကသာ သည်းခံပြီး အပေါင်းအသင်း လုပ်နေတာ ။
Nak ကလွဲလို့ ပေါင်းမယ့်သူလည်း မရှိ ။" ဘာဖြစ်ပြန်ပြီလဲ Jeff ရာ ... "
" ငါ့အကောင့်ကို ဘယ်ခွေးသူတောင်းစား Hack သွား
လဲမသိဘူးကွ "" ဟင် ? "
Jeff ပြောပုံအရဆို Jeff ရဲ့ Music Note တွေ ရေးသိမ်း
ထားတဲ့ အကောင့်ဆိုတာပဲ နေမှာ ဖြစ်သည် ။" မဟုတ်မှ မင်းပြောတဲ့ ဟိုအကောင့် ... ကောင့် ... "
Nak စကားတောင် မဆုံးသေး Jeff က ခုံကို ဒုန်းခနဲ
မြည်အောင် ထုတော့ Nak လန့်သွားသည် ။" အေး အဲ့တာပဲ !!!! ဘယ်ခွေးကောင်က လုပ်သွားလဲ
မသိဘူး ။ မိလို့ကတော့ အသေပဲ ။ "Jeff က ဒေါသတွေ ထွက်ကာ ခံပြင်းနေရှာသည် ။
" အေးလေ ဘလိုင်းကြီး ... ဘယ်သူကများ ဒီလို
လုပ်တာပါလိမ့် ? "Nak က ခပ်တိုးတိုး ရေရွတ်လိုက်တော့ ဘေးကနေ
ကျောင်းသား တစ်ယောက်က လာပြောသည် ။" အာ .... မသိဘူးလား ? ဘားခို့ တင်နစစ် ပဲနေမှာ "
" ဟမ် ? အဲ့တာ ဘယ်သူလဲ ? "
Jeff က အဲ့ဒီအသံကို ကြားကြားချင်း ခန္ဓာကိုယ်ကို
လာပြောတဲ့ ထိုကျောင်းသားဘက် လှည့်လိုက်သည် ။