အင်းလေးရဲ့ အကြီးဆုံး ရက်ကန်းဆိုင်ဖြစ်တဲ့ မမတင် ရက်ကန်းဆိုင်မှာတော့ စည်ကားနေလေရဲ့၊ အကြောင်းကား တစ်ဦးတည်းသော တူလေးဖြစ်သူ မှိုင်းကြာလေးဟာ ဘွဲ့ရလို့ အင်းလေးကန်ကြီးရှိရာ ပြန်လာတဲ့နေ့လေးမို့ပေ၊ ငယ်ငယ်တည်းက စောင့်ရှောက်ခဲ့ရသော ကလေးလေးမို့ မမြတင်သည် မှိုင်းကြာကို ဖူးဖူးမှုတ်ထားမတတ်ကို ချစ်ရှာသည်။
"မကြီးတင်ရေ အကုန်ပြင်ဆင်ပြီးပါပြီရှင့် အစားအသောက်တွေကော မှိုင်းကြာလေးရဲ့ သူငယ်ချင်းတွေလဲရောက်နေကြပါပြီ မှိုင်းကြာလေးလဲခနနေရောက်ပါမယ်တဲ့"
"ဟုတ်ပြီ မှုံရေ ဒါဆို သားလေးကိုပဲစောင့်ကြတာပေါ့
_______________________________"ကြီးကြီးတင်ရေ သားပြန်လာပြီ ဘာလို့တိတ်ဆိတ်နေရတာလဲဘယ်သူမှမရှိကြဘူးလား"
ခပ်စွာစွာ အော်သံလေးကို ကြားပြီး မတင်တယောက်ပြုံးမိသည် သူ့အတွက်အံ့ဩစရာဖြစ်အောင် အကုန်လုံးက ပုန်းနေခဲ့ကြခြင်းပင်။
မှိုင်းကြာတစ်ယောက် ဟိုရှာဒီရှာနှင့် အိမ်လည်ပိုင်းအခန်းတွင်းဝင်ဖို့အလုပ် အားလုံးရဲ့ "ကြိုဆိုပါတယ်"ဟူ၍ ခပ်ကျယ်ကျယ်အော်သံကိုကြားလိုက်ရသည်။
"ကြီးတင်ကတော့လေ သားက ကလေးမဟုတ်တော့ပါဘူးဗျ ပွဲတွေမလုပ်ပါနဲ့ဆိုတာပြောမရဘူး"
ရောက်ရောက်ချင်း ကြီးတော် ဖြစ်သူကိုဆူနေတဲ့ မှိုင်းကြာကို မတင်ကတော့ ပြုံး၍သာကြည့်နေသည်။
"ဘာလို့မလိုရမှာတုန်း ငါတို့သူငယ်ချင်းပြန်လာတဲ့ဟာ မကြိုလို့ဖြစ်ပါ့မလား မှိုင်းရ"
ငယ်ငယ်တည်းက ပခုံးဖက်ပေါင်းလာသော သူငယ်ချင်းတစ်ဦးဖြစ်သူ မှင်စာက ထပြောသည်၊ မှင်စာဟူသည် သူငယ်ချင်းများနောက်ပြောင်ခေါ်ဆိုသော အမည်သာဖြစ်သည် နာမည်ရင်းကား မြတ်သော်ဦး ဖြစ်သည်။
"ရန်ကုန်ကအကြောင်းလေးတွေငါတို့ကို ပြန်ဖောက်သည်ချပါဦး မင်းက စာလဲသိပ်မရေး ဖုန်းလဲမဆက်ဆိုတော့ ငါတို့ကသတိရနေတာကွ"
(ဤနေရာတွင် စာရေးသူသည် 1970ကျော်ခုနှစ်လောက်အတွင်းအဖြစ်အပျက်ပုံစံရေးသားခြင်းဖြစ်သည်)