Zawgyi Versionတိုင်ကပ်နာရီဆီမှ ရှေ့ဆင့်နောက်ဆင့် ဒေါင်ခနဲ
လေးချက်မြည်လာချိန် ရိပေါ် မျက်ဝန်းတွေကို
မနည်းအားယူဖွင့်လိုက်ရသည်။ လူကနောက်ဆံ
တစ်ခုတင်းနေတော့ စိတ်ဖြောင့်ဖြောင့်လဲ
အိပ်မပျော်နိုင်လေ။ ရိပေါ်ကို လွတ်ထွက်သွားမှာ
စိုးသည့်အလား တင်းနေအောင် ပွေ့ဖက်ပြီး
ရင်ခွင်ထဲထည့်ထားသူကတော့ နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်နေရှာပြီပင်။နံဘေးမှ အသာအယာလေး ထထိုင်လိုက်မိချိန်
နိုးသွားမှာစိုးလို့လဲ မျက်ပေတုံးလေးက
ကျီးကန်းတောင်းမှောက် လိုက်ကြည့်ရသေးသည်။ဒီမှာ မနက်ထိ အိပ်လိုက်လို့တော့မဖြစ်လေ။
ကိုကိုက နက်ဖြန် သူ့ဆီလာမယ်တဲ့။ အိမ်မှာ
မတွေ့ပဲ ဒီမှာတွေ့သွားရင် ရှင်းရခက်ချေမယ်။ပြန့်ကျဲနေတဲ့ အဝတ်အပိုင်းစတွေကို ရသလောက်
ပြန်ကုန်းကောက်ချိန် ခါးရိုးတစ်လျှောက်
ဆစ်ဆစ် ဆစ်ဆစ်နဲ့ ထိုးကိုက်တာပင်။
အိပ်ခန်းထဲက မှန်ချပ်ထဲမှာ ထင်ဟပ်နေပါတဲ့
သူ့ပုံရိပ်က ဖရိုဖရဲကိုမှ သွေးဆို့နေတဲ့ကိုက်ရာ
အနီကွက်ပေါင်းများစွာနှင့် ပြည့်နှက်လို့ရယ်။ကိုယ့်ခန္ဓာတောင်မှ ကိုယ့်စိတ်ကြိုက်
ခြယ်လှယ်နိုင်ခွင့်မရှိတဲ့ ဘဝကြီးကို ထိုင်ပြီး
ငိုကြွေးနေရမလား၊ ဟားတိုက်ပြီးပဲ လှောင်ရယ်
နေသင့်လား ရိပေါ် မစဉ်းစားတတ်တော့ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် အဆုံးသတ်မှာ ဒီလူ့ကို
လက်မလွှတ်နိုင်သေးပါတဲ့ ရိပေါ်အတွက်
ရွေးချယ်ရာလမ်းက တစ်ခုတည်းသာရှိသည်။
ပြုသမျှနုလို့ ထားသလိုနေ စေရာသွားရုံရယ်။မနက်ကျ ကိုကိုနဲ့တွေ့ရမှာဆိုတော့ လည်ပိတ်
အင်္ကျီလေးတစ်ခုခုတော့ ဝတ်ထားမှထင်တယ်။
ခြေဖဝါးမှ ကျင်တက်လာတဲ့ အနာရှိန်ကြောင့်လဲ
နောက်တစ်မျိုး ထပ်ခေါင်းစားရပြန်သည်။
ဒီဒဏ်ရာတွေအကုန် ကိုကိုမသိအောင် ဘယ်လို
ဖွက်ရပါ့။မတော်တဆများ တွေ့သွားလို့မေးလာခဲ့ရင်
ဘယ်သူ့ကြောင့်ဖြစ်ပါတယ်ဆိုပြီး ရိပေါ်မှာ
ပြန်ဖြေဖို့အဖြေမရှိ။
YOU ARE READING
Tears Of Sinnerman
FanfictionThere is a song about 'Sinnerman' which was inspired by the Book of Exodus. It tells the tale of a man running from God and begging for forgiveness on Judgement Day. But, man can't escape from his wrath.