6

5.9K 675 33
                                    

"ဟင်း"

တစ်ခုခုကိုအလိုမကျဟန်
သက်ပြင်းမောရှိုက်သံသည်
ညနက်နက်တွင်ပီပီသသထွက်လာ၏။

ညအိပ်မီးလေးကိုဖွင့်လိုက်ပြီး
အသံလာရာဆီကြည့်မိတော့
ရှောင်းကျန့်ထိတ်လန့်သွားရသည်။

စုကျုံ့နေသည့်မျက်ခုံးတန်းတွေ။
နဖူးစမှာသီးနေသည့်ချွေးပေါက်များမှာ
အေးစက်နေသည့်ညကိုဆန့်ကျင်လျှက်။
အိပ်ယာခင်းစကို ခပ်တင်းတင်းဆုပ်ထားသော
လက်များမှာ တုန်ယင်နေလေသည်။
ဒီအတိုင်းဆိုရင် သိပ်မကြာမှီ
အရှင်လန့်နိုးလာနိုင်၏။

ညဘက်အိပ်မပျော်ရသည့်အကြောင်းအရာသည်
အခုလိုအိမ်မက်ဆိုးမက်ခြင်းနှင့်
သက်ဆိုင်ပါလိမ့်မည်။

မျက်စိရှေ့ကမြင်ကွင်းကိုကြည့်ပြီး
ရှောင်းကျန့်စိတ်မသက်သာနိုင်တော့။

ဘယ်လိုအိမ်မက်တွေကများ
အရှင့်ကိုဒီအခြေအနေဖြစ်အောင်
ခြောက်လှန့်နေတာပါလိမ့်။

စုကျုံ့နေသည့်မျက်ခုံးတန်းပေါ်သို့
သူ့လက်ချောင်းလေး ဖွဖွဖိချမိသည်။
အသာအယာပွတ်သပ်ချိန်တွင်
တစ်ဖြေးဖြေးပြေလျော့လာသည့်
မျက်ခုံးတန်းများကြောင့်
အနည်းငယ်စိတ်သက်သာလာရ၏။

နဖူးပေါ်မှချွေးစများကိုလည်း
ဖယ်ရှားပေးလိုက်သည်။
အိပ်ယာခင်းစကိုလွှတ်ပေးလာသည့်
လက်ဖဝါးကျယ်ကျယ်ကိုတော့ သူမထိဖြစ်။

ဒီလောက်ဆို အရှင်
ကောင်းကောင်းပြန်အိပ်ပျော်နိုင်ကောင်းပါ၏။

"ကောင်းသောညပါ အရှင်"

.............

ထူးဆန်းသည်။
ရိပေါ်က အိပ်ယာပေါ်မှာရှုပ်ရှုပ်ယှက်ယှက်တွေ
မကြိုက်သူမို့ ဖက်လုံးမထားဖြစ်။
ဒါဆိုရင် အခုသူခွထားမိသည့်ဖက်လုံးက
ဘယ်ကပေါ်လာရတာလဲ။

နွေးအိလွန်းသည်မို့ ဖြစ်ညှစ်မိတော့

"အင့်"

ဟာ..။

ရိပေါ်လန့်သွားရသည်။
ရင်ခွင်ထဲမှမော့ကြည့်လာသူသည်လည်း
အလားတူပင်။

"ဆောရီး"

"ရ ရပါတယ်"

အလျှင်အမြန်ထထိုင်သည့်ရှောင်းကျန့်။
ထို့နောက် ကုတင်ပေါ်မှဆင်းသွားကာ
ရေချိုးခန်းဘက် တစ်ချိုးတည်း
ဝင်သွားလေတော့၏။

SAFE ZONE (1 to 7)Where stories live. Discover now