စာမူအမည် - သမာဓိက မင်းနဲ့မှ ယိုင်တာAuthor name-ရှင်လွမ်းမယ်
🌿🌿🌿
ဒေါက်တာမြတ်သောတော်ဝင်...
နေ့ရော ညပါ ဆက်တိုက်ဖြစ်နေသည့် ဂျူတီများကြောင့် သေသေချာချာကို မနားရသေးပေ။ ယနေ့တော့ဖြင့် အပြည့်အ၀အနားယူတော့မည် ဟူသော စိတ်ကူးဖြင့် မိမိမှေးစက်ရာ နှစ်ချုပ်ဖြင့် ငှားထားသော သစ်သားလုံးချင်းအိမ်လေးသို့ ပြန်လာခဲ့သည်။
အိမ်ရောက်သည်နှင့် ရေမိုးချိုး အ၀တ်စားလဲအပြီး တစ်ခုခုစားဖို့ရာ ပြင်ဆင်ချင်ပါသော်လည်း မဖွင့်ချင်လောက်အောင် လေးလံလာသော မျက်ခွံများကြောင့် ဟာနေသော ၀မ်းဗိုက်ကို အိပ်ယာနိုးမှသာ ဖြည့်တင်းတော့မည်ဟူသည့် အတွေးလေးဖြင့် အိပ်စက်ခြင်းဆီသို့ ခေတ္တခဏ အလည်သွားလိုက်တော့သည်။
ထိုအိပ်စက်ခြင်းဟာ သူ့အတွက် ထာဝရ အိပ်စက်ခြင်း သို့မဟုတ် အချိန်ကာလတစ်ခုသို့ ခေါ်ဆောင်သွားမည့် အိပ်စက်ခြင်း ဆိုပါက အိပ်ဖို့ရန်အတွက် ရွေးချယ်လိမ့်ပါဦးမည်လား...။
.
.
.
မြန်မာ သက္ကရာဇ် ၁၃၃၃ခုနှစ်...
"သားငယ်"
"ဗျာ အမေ"
"မင်းမလဲကွယ် တစ်နေ့တစ်နေ့ အိမ်လေးများ ကပ်ပါဦးလား၊ ကဲ ခုလည်း ဘယ်ကိုကြွဦးမလို့လဲ"
"သင်္ကြန်အတွက် မဏ္ဍပ်ထိုးဖို့ရာနဲ့ စတုဒီသာ ကျွေးဖို့အပြင် တခြားဗာဟီရ လေးတွေအတွက် ရွာက ကာလသား(လူငယ်)တွေ အစည်းအဝေး ရှိတယ်လေ။ အဲ့ဒါကြောင့် သူကြီးအိမ် သွားမလို့။ အမေ ခိုင်းစရာရှိရင် ကိုကြီးတို့ကိုသာ ခိုင်းလိုက်တော့။ သားတော့ သွားပြီဗျို့"
အငယ်ဆုံးသားလေးမို့ အစ်ကိုရော မိမိပါ အလိုလိုက်ထားမိတာ ခုတော့ဖြင့် ဆွဲမရ၊လွဲမရ။ သွက်သွက်လက်လက် ထက်ထက်မြက်မြက်မို့ တစ်ရွာလုံးရဲ့ ကာလသား(လူငယ်) ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်း ခံထားရကာ ရွာရဲ့ သာရေး၊ နာရေး၊ လူငယ်အရေးအကုန် တစ်ခေတ်သစ် မပါရင်မပြီး။ နာမည်နဲ့ လိုက်အောင် သူ့ခေတ်တွင်မှ အိမ်ကအဖေကို ကျော်ပြီး ဆယ်အိမ်မှူးနေရာကလည်း ရထားသေးသည်။