နောက်ဆုံးဖြေရှင်းချက်

1.4K 37 34
                                    

မင်္ဂလာပါ...

         "သမာဓိက မင်းနဲ့မှ ယိုင်တာ"  ကို ရေးတဲ့သူဆိုပေမယ့်လည်း ကိုယ်ကစာရေးသူလို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့ဆို Wp ဆိုတာ စာဖတ်ရုံလောက်သာ ဖွင့်ထားပြီး စိတ်ကူးရမှတစ်ခါ ၀င်ကြည့်တတ်တာမျိုးဖြစ်လို့ပါ။
    
         ဒီဇာတ်လမ်းလေးကို ဘာကြောင့် ရေးဖြစ်ခဲ့သလဲဆိုရင်တော့ မြတ်နိုးရတဲ့ အစ်ကို့မွေးနေ့အတွက်ပါ။ ကိုယ်တို့ကလေ မွေးနေ့ရှင်အစ်ကိုအတွက် လက်ဆောင်ကို လူတိုင်းက ရင်နဲ့ရင်းပြီး ရေးခဲ့ကြတာပါ။ ရင်နဲ့ရေးတဲ့ စာ၊ ချစ်မြတ်နိုးရသူအတွက် ရေးတဲ့စာကို ဘာလို့များ copy ရမှာလဲ။

          ကိုယ်ချစ်တဲ့သူကို copy ရေးပြီး တန်ဖိုးဖြတ်ဖို့ စိတ်တောင်မကူးမိပါဘူး။ ခံစားဖူးတဲ့သူမှ ဒီခံစားချက်ကို သိပါလိမ့်မယ်။ စာအုပ်ထုတ်ဖို့ရည်ရွယ်ခဲ့တာလည်း မဟုတ်ပါဘူး။ အစ်ကို့မွေးနေ့မှာ အစ်ကိုဖတ်ရင်ပဲ ကျေနပ်ပါပြီ။ အမှတ်တရအနေနဲ့ စာအုပ်ကလေးဖြစ်လာမယ်ဆိုတော့လည်း သိမ်းခွင့်ရမယ်ဆိုတာကလွဲရင် ဘာမှမမျှော်လင့်ထားပါဘူး။
 
          ဒီခေါင်းစဥ်ပေးဖြစ်တာကတော့ ရိုးရှင်းပါတယ်။ မွေးနေ့ရှင် အစ်ကို့ကို  "သမာဓိက မင်းနဲ့မှ ယိုင်တာပါပေါ့" ဆိုပြီး ကိုယ်ကစနောက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ပေးဖြစ်ခဲ့တာပါ။
  
          ဇ ဆိုတဲ့ ဇာတ်ကောင်ရဲ့ တွဲဖက်က ဆရာ၀န်လို့ ဆိုပါတယ်။ ဒါဆိုရင် အပြင်မှာရှိတဲ့ အစ်ကိုရဲ့လက်တွဲဖော်ကရော အမှန်တကယ် ဆရာ၀န်တစ်ယောက်ဖြစ်နိုင်တယ်ဆိုတာ မတွေးမိကြဖူးလားရှင်။ ကိုယ့်အစ်ကိုကတော့ အပြင်မှာရှိပြီး အမှန်တကယ်ကိုပဲ စိတ်သဘောထားပြည့်၀တဲ့ ဆရာ၀န်တစ်ယောက်ဖြစ်နေလို့ မြတ်သောကို ဖန်တီးခဲ့တာပါ။

           ကိုယ်ဖန်တီးထားတဲ့ Os ထဲက MC နှစ်ယောက်မှာ Uke က Seme ထက် အသက်ကြီးတယ်၊ ဆရာ၀န်ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်ဖန်တီးထားတာ မဟုတ်ပါဘူး။‌ ဒါ့အပြင် အပြင်က ဆရာ၀န်အစ်ကိုရဲ့မျက်တောင်တွေက တကယ်ကိုလှတာပါ။ အစ်ကိုက အချစ်ခံလေး...။ မွေးနေ့ရှင်အစ်ကိုကလေ... သူ့အမျိုးသားရဲ့ စင်းကျနေတဲ့ မျက်တောင်လေးတွေ သိပ်လှကြောင်း post တင်လေ့ရှိသလို မကြာခဏလည်း ပြောနေတတ်တယ်။ ဒီအချက်တွေက အပြင်က သက်ရှိလူသားရဲ့ အချက်အလက် အတိအကျပါပဲ။ ဒီအကြောင်းအရာတွေက မောင့်ဗီဇထဲက ဇာတ်ကောင်ကို ကူးချပါတယ်ဆိုရင် အပြင်ကဆရာ၀န်အစ်ကိုရဲ့အသက် ၂၆နှစ်ရှိပါပြီ။  မောင့်ဗီဇ Fic ထဲက ဇာတ်ကောင်ကို ဘယ်လိုကူးချတာလဲ သိပါရစေ။ ကိုယ့် Os ထဲမှာ ရေးသားထားတဲ့ အချက်အလက်တွေက အပြင်မှာရှိတဲ့ ဆရာ၀န်အစ်ကိုကို ၁၀၀%မှီငြမ်းထားတာ ဖြစ်ပါတယ်။
  
         ဆရာ၀န်အစ်ကိုရဲ့  မျက်၀န်းလေးတွေ၊ မျက်တောင်လေးတွေ မပြောနဲ့၊ နာမ်စားသက်သက်သာဖြစ်တဲ့ အမည်နာမလေးကိုတောင် မွေးနေ့ရှင်အစ်ကိုက တယုတယနဲ့ တန်ဖိုးထားတာပါ။ အပြာရောင်သန်းတဲ့ မျက်၀န်းဆိုတာကလည်း အစ်ကို့လက်တွဲဖော်ရဲ့ မွေးကတည်းက ဖြစ်တည်မှုပါ။

သမာဓိကမင်းနဲ့မှယိုင်တာWhere stories live. Discover now