ဆောင်း ရာသီဖြစ်တာကြောင့် လေပြေအေးလေး တွေက တိုက်ခတ်နေသည်။
နေ့လည်ခင်း ဖြစ်ပေမယ့် လည်းနေရောင်ခြည်သိပ်မရှိ ။ ကောင်းကင်သည် လင်းလက်ပြီး တိမ်စိုင်လေးတွေရှိေသာ်လည်း အအေး ဓာတ်လေးကလွှမ်းခြုံ လို့နေသည်။ကြီးမားတဲ့ ဆေးရုံဝန်း ကြီးထဲကို လူးဝစ် ကားမောင်းဝင်လာသည်။ ကားပါကင်ထိုးပြီးတော့ ကားတံခါးကို ဖွင့်ကာ ဆေးရုံ တွင်းသို့ခြေ ချလိုက်သည်။
ဆေးရုံ နံ့......
လေပြေအေးတစ်ချို့တလေမှာ ဆေးနံ့တွေဟာ နှာခေါင်းဝမှာ ဝေ့ဝဲသွားတယ်.။ကင်ဆာဌာန ကို လူး၀စ် ခြေလှမ်းလိုက်သည်။
ဓာတ်လှေကားထဲ ဝင်ပြီး အပေါ်ဆုံး ခလုတ်ကို နှိပ်လိုက်သည်။
1.
2.
.
.
.
.
.
.42"ကျွီ.."
ဓာတ်လှေကား တံခါး ပွင့်လာသည်။
အပေါ်ဆုံး အထပ်မှာ ဘယ်လူနာခန်းမှ မရှိ။
ခွန်းကောင်းဆက်ဇော် ဆိုတဲ့
လူးဝစ်ရဲ့ တစ်ဦးတည်းသော ချစ်ရသူ အတွက် အထပ်လွှာ တစ်ခုတည်းမှာ သူတစ်ယောက်ထဲ ရှိ စေသည်။VVIP room က ကျယ်ဝန်းပြီး
Hotel တစ်ခုရဲ့ အခန်းနဲ့ ခပ်ဆင်ဆင်။
တစ်ခါးလက်ကိုင်ကို ကိုင်လိုက်ပြီး
အခန်း အတွင်းသို့ ဝင်လိုက်သည်။
ကုတင်ပေါ်မှာ စာအုပ်ဖတ်နေသော ခွန်းသည်..ကျနော့်ကို တွေ့တော့ ပြုံးသည်။"ဟာ ကိုကို!"
"ဗျာ..."
ကျနော် ထူးလိုက်တော့ သူလေးက တခ်ခ် နှင့်ရီသည်။ခွန်းစား ဖို့အတွက် မုန့်တွေကို
စားပွဲပေါ်မှာ ချကာ...ခွန်းဖတ်ချင်သည် ဆိုသည့် စာအုပ်ကို အိတ်လေးထဲမှ ထုတ်ပြီး ပေးလိုက်သည်။"ကျွန်ေတာ်က ဒီတိုင်းလေးပဲ
ဒီ စာအုပ်လေးမှာ ဘာအကြောင်းေတွပါမလဲ သိချင်လိုက်တာလို့ပြောမိတာကို.....
ကိုကိုက ဝယ်ချလာပြန်ပြီ""ကိုကိုက ခွန်းအတွက်ဆို လိုချင်တာအားလုံးဝယ်ပေးမှာ"
"ဟီး..ကျွန်တော့်ကိုအလိုလိုက်နေတာပေါ့
အဟွပ်...အဟွပ်"ခွန်းစကားကို နည်းနည်း ကြာကြာပြောတော့ချောင်းဆိုးလာသည်။
လက်ကိုင်ပုဝါကိုအုပ်ကာ ချောင်းကျပ်ကျပ် ဆိုးတော့ သွေးစတွေ ရောပါလာသည်။
YOU ARE READING
Not Goodbye
Romanceကိုယ်မင်းကိုမနှုတ်ဆက်ရပါစေနဲ့။ အဲ့ဒီ့လို နှုတ်ဆက်ဖို့လည်း နှလုံးသားနဲ့ အသိက ခွင့်မပြုဘူး။ ဒါကြောင့် not goodbye.....။ (၂၃.၉.၂၂)