part (1)

2.4K 151 10
                                    

Unicode

ဝါကျင့်ကျင့်အခန်းအတွင်း အိပ်မောကျနေသည့် ကောင်လေးတစ်ဦး။

တီရှပ်အဖြူရောင်ပါးပါးနှင့်ဘောင်းဘီအတိုက အအိပ်ကြမ်းမှုကြောင့် အပေါ်ပိုင်းမှာတော့ကျောပြင်တစ်ခုလုံးပေါ်နေပြီဖြစ်ပြီး အောက်ပိုင်းမှာတော့ ပေါင်ရင်းနားထိပေါ်နေပြီဖြစ်သည်။

မလုံတလုံခြုံထားသည့်စောင်အတွင်းမှ မြင်ရသည့်အစိတ်အပိုင်းတချို့ကတောင် ကျား၊မ မရွေးမှင်သက်သွားနိုင်မည့် ခန္ဓာကိုယ်အကွေ့အကောက်ရဲ့ အလှတရား...။

တီ တီ တီ တီ!!!!

ကျယ်လောင်စွာထမြည်လာသည့်နှိုးစက်သံကြောင့် ဘေးကခေါင်းအုံးတစ်လုံးကိုခေါင်းပေါ်ဖိကာ လက်တစ်ဖက်ကနှိုးစက်ဆီလက်လှမ်းလိုက်သည်။

ပြန်လည်အိပ်ပျော်သွားပြီးမကြာလိုက်ပါ ဖုန်းကထပ်ဝင်လာတာမို့ ထိုလူငယ်ဟာအလိုမကျကာပဲခေါင်းကိုတဖျင်းဖျင်းကုတ်လိုက်ကာ အဆက်မပြတ်မြည်နေသည့်ဖုန်းကိုလက်ခံပြောကြားရတော့သည်။

'' ဟယ်လို...''

လေးပင်ညီးတွားသံတို့ဖြင့်ပြန်လည်ဖြေကြားလိုက်သည်။

''အခုထိအိပ်တုန်းလား''

''min...ငါအိပ်ရေးမဝသေးဘူးကွာ နောက်မှပြန်ခေါ်''

''မရဘူး....ငါမင်းအိမ်ရှေ့ရောက်နေပြီ''

''password သိနေတာပဲ ဘာလို့ဖုန်းခေါ်နေသေးလဲ''

ပြောပြီးသည်နှင့်တီကနဲကျသွားသည့်ဖုန်းကြောင့် jiminပြုံးမိပါသေးသည်။

ပြီးနောက် တံခါးကိုဖွင့်ရင်း စျေးသုံးခဲ့သည့်အထုတ်ကြီးနှစ်ထုတ်ကိုဆွဲကာ မီးဖိုခန်းဆီအရင်သွားလိုက်သည်။

သစ်သီးတချို့ကိုရေဆေးကာ ဘူးကြီးဘူးငယ်ထဲနေရာတကျထည့်ကာ ရေခဲသေတ္တာထဲနေရာတကျထည့်သည်။

ပြီးနောက် ပေါင်မုန့်နှစ်ချပ်ယူကာ မီးကင်လိုက်ပြီး ထောပတ်သုတ်ကာအပေါ်မှဆလပ်တစ်ထပ်ခံကာ ကြော်ထားသည့်အနှစ်မပါသည့် ကြက်ဥကြော်နှင့်အတူ အသားပြားညှပ်သည်။နောက်ဆုံးအဆင့်အနေနှင့် အပျော်ခံထားသည့်ချိစ့်ကပ်ပြီးသားပေါင်မုန့်ကိုယူကာ ထပ်လိုက်သည်။

𝑻𝒉𝒆 𝑪𝒉𝒐𝒊𝒄𝒆 [Completed]Where stories live. Discover now