𝗦𝗼 𝗕𝗮𝗱

2.2K 206 82
                                    



ဂျိတ်ခ်ဗိုက်ကို အသာအယာထိန်းကိုင်ရင်း အပေါ်ထပ်ဆီမှ ကျွန်းတံခါးခပ်ကြီးကြီးကိုတွန်းဖွင့်လိုက်သည်။ သူရဲ့ ဆယ်ဆမျှရှိသော စာအုပ်စင်ကြီးတွေနှင့်အတူ အစီအရီ နေရာတကျ ထားထားသော စာအုပ်တွေက ဖေဖေမဆုံးခင်က ပေးခဲ့တဲ့ အမွေဆိုလဲ မမှားပေ။

စာကြည့်စားပွဲရဲ့ အနောက်မှာ ချိတ်ထားသော မိသားစုပုံတူပန်းချီကားချပ်ကြီးက ထည်ဝံ့စွာဖြင့် ရှိနေလေသည်။ ထိုင်ခုံကို အသာဖယ်ကာ ဝင်ထိုင်လိုက်ရင်းနောက် အံဆွဲဆီမှ ဖိုင်တချို့ကို ထုတ်လိုက်သည်။

ထိုအထဲမှာတော့ ဂျိတ်ခ်ရဲ့ ငယ်ဘဝနဲ့အတူ ဖေဖေ၊မေမေနှင့်သူ(ဂျိတ်ခ်) ရဲ့ ပုံတွေအများကြီးပင် ရှိနေသည်။ တစ်ပုံချင်းစီကို သေချာပြန်ကြည့်ရင်းဖြင့် ရင်ဘတ်အတွင်းမှာ ကြည်နူးမှု၊ ဝမ်းနည်းမှုတို့‌ကလှိုက်တက်လာသည်။

ဝေ့သီနေသော မျက်ရည်စတွေကို မျက်တောင်ခတ်ကာ ဖြင့်ထိန်းချုပ်လိုက်ရင်း နောက်ထပ် ဖိုင်တစ်ခုကို ထပ်ဖွင့်လိုက်သည်။ ထိုထဲတွင်တော့ မွေးကာစဂျိတ်ခ်ရဲ့ပုံတွေ။ ဖေဖေကသူ့ကိုပွေ့ချီနေတဲ့ပုံတွေ။ မိသားစုသုံးယောက်ရဲ့ပုံတွေနှင့်အတူ သူ့ကိုနှစ်ခြိုက်ဖွယ်နမ်းရှိုက်နေကြသည်။

ထိုပုံတွေကို မြင်ပြီးတဲ့နောက်မှာတော့ ဂျိတ်ခ်ဟာ မျက်ရည်တွေကို ထိန်းမထားနိုင်တော့ဘူး။ သူ့ရဲ့ ဗိုက်ထဲမှာ ရှိနေသော လေးလမပြည့်တပြည့် ကလေးလေးအတွက် တွေးတောကာ ထိုဗိုက်ကလေးကို ခပ်ဖွဖွဖိကိုင်ရင်း ပါးစပ်မှ တစ်ခုခုရေရွတ်ကာ အသံတိတ်ငိုကြွေးလျက်ရှိသည်။

မာဖီးယားခေါင်းဆောင်အဖြစ် စလုပ်ကိုင်ခဲ့တုန်းက တွေးတောခဲ့သည့် အိမ်မက်တွေက ရိုးရှင်းသည်။ ပိုက်ဆံရှာမယ်။ ကိုယ့်ကိုတစ်ကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်မယ်။ သူ့တုန်းကလို မိဘရင်ငွေ့နဲ့ ကြာကြာ မနေခဲ့ရသည့် အဖြစ်မျိုးမဖြစ်ရအောင် မိသားစုဆိုတဲ့ အသိုက်အမြုံကို ဖန်တီးပေးမယ်။ ဒီလောက်ပဲ သူတွေးတောထားခဲ့ပေမယ့် ယခုအခါမှာတော့ သူ့ဗိုက်ထဲက သားသားလေးလား၊မီးမီးလေးလား မသိရသေးသည့် ကလေးလေးမှာဖြင့် မိဘမစုံတဲ့အဖြစ်ဖြင့် နေရမည်ကို ပိုတွေးတောမိကာ ဝမ်းနည်းရပြန်သည်။

𝗛𝗮𝘁𝗲 𝗨 𝗦𝗼 𝗕𝗮𝗱 | SungJakeNơi câu chuyện tồn tại. Hãy khám phá bây giờ