........

8 2 3
                                    

နာမည်မရှိ သခင်မရှိတဲ့ လေလွင့်ခွေးတစ်ကောင်က ဆောင်းရာသီရဲ့
နေ့လည်ခင်းမှာ ‌မွေးကတည်းကလုပ်လာတဲ့ လုပ်ရိုးထုံးစံအတိုင်း လျှောက်သွားနေခဲ့တယ်။

သူမကညရောက်ရင် လူမနေတဲ့ ခြံဝန်းကျယ်ကြီးမှာ အိပ်တယ်။
သူမက ကံဆိုးချင်ပြန်တော့ တခြားရှိတဲ့ခွေးတွေက ကိုက်လွှတ်ကြတယ်။ သူမအသက်က အလွန်ဆုံးရှိလေးနှစ်ပေါ့။
သေချာစောင့်ရှောက်တဲ့ သူမရှိဘဲ
အိမ်မွေးခွေးတစ်ကောင်လို ရှင်သန်ဖို့ဆိုတာ သူမအတွက်အခွင့်အလမ်းမှမရှိဘဲ။

ဒီဘဝတစ်ခုကို အဆုံးသတ်ဖို့အတွက် နောက်ဆုံးနှစ်ကိုသူမရောက်ရှိလာပြီ။ တကယ်တော့ သူမကလမ်းဘေးခွေးတွေ အများဆုံးဖြစ်ကြတဲ့အတိုင်း သူမရဲ့မွေးလမ်းကြောင်းကနေအစာဟောင်းစွန့်ရာနေရာမှာ မူမမှန်ခဲ့တာကြာခဲ့ပြီ။ မနှစ်ကနေ ဒီနှစ်အတွင်းသူမရဲ့ အစာဟောင်းစွန့်ရာနေရာကနေ အဲ့ဒီ့အရာကြီးက ကြီးလာလိုက်တာ။
ပိုးပါတစ်ခါထပ်ဝင်တော့ ဖောင်းကြွလာပြီး အရည်တွေ စက်တောက်စက်တောက်ကျနေခဲ့တယ်။ အစကတည်းက လေလွင့်ခွေးတစ်ကောင်ဖြစ်တဲ့အပြင် ခုလို
ရောဂါကြီးနဲ့ သူမကိုဘယ်သူမှမကြည်ဖြူကြတော့ဘူး။ တစ်ခြားခွေးတွေက‌လည်းသူမကိုပစ်ပယ်တယ်။ သူမဘက်မှာ ဘယ်သူမှမရှိတော့ဘူး။
မနှစ်ကအေးကိုက်တဲ့ဆောင်းရာသီကနေ အခုနှစ်အေးကိုက်တဲ့ဆောင်းကိုတစ်ဖန်ရောက်ရှိလာပြန်ပါပြီ။ သူမအခြေအနေမဟန်တော့ဘူး။
အစားကလည်းမစားနိုင်တော့သလို လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။
သူမမှာသားသမီးတွေရှိကြပါတယ်။ သဘာဝအတိုင်းသူတို့လည်းဘယ်သိမှာလဲ။

သူနေ့တိုင်းလာစားဖြစ်နေတဲ့ အိမ်ရှင်ဦးလေးကြီးကတော့ သူမကိုအစာကောင်းကောင်းကျွေးပါတယ်။ သူမမစားနိုင်တော့တာတစ်ခုပဲ။
သူမတစ်ဖြည်းဖြည်းခွေးကမ္မဠာန်း ရုပ်ပေါက်လာပြီ။ သူမယိုင်ခွေမတတ်ဘဲ။ ရင်တွေလည်းပူလောင်နေတယ်။

ရက်စက်တဲ့ဆောင်းညတွေမှာ သူမနေစရာမရှိအောင်အေးတယ်။
အေးကိုက်မှုက သူမကို ဝါးရင်းတုတ်နဲ့ အသေအလဲရိုက်ခတ်သလို ဝေဒနာရောဂါမီးကလည်း နှိပ်စက်ပြန်တယ်။

နောက်ဆုံးတော့ လေးနှစ်တာဘဝတစ်ခုရဲ့ ရက်စက်တဲ့ ဆောင်းတွင်းနေ့လည်တစ်ခု။

သူမဘာဖြစ်ဖြစ်ဆိုပြီး မီးဖိုချောင် အထဲကိုဝင်နေလိုက်တယ်။
ကောင်မလေးတစ်ယောက်က သူမကိုတွေ့တယ်။
အဲ့ဒီ့ကောင်မလေးက သူမကိုမောင်းမထုတ်နိုင်ဘူး။

သူမက သူမရဲ့အသိစိတ်အတိုင်းပဲ မနည်းကိုထသွားလိုက်ရတယ်။
ရှေ့ကသူမရဲ့ လက်နှစ်ချောင်းကို အားပြုထောင်ပြီး နောက်ကမသယ်နိုင်တော့တဲ့ ဘဝအဟောင်းဖြစ်ခါနီး အစိတ်အပိုင်းကို သူမမနည်း ကုန်းရုန်းထပြီး ယိုင်နဲ့နဲ့ နှင့်ပြေးထွက်သွားသည်။

ပြီးတော့ သူမသစ်ရိပ်ဝါးရိပ်ကောင်းကောင်းနေရာကိုရွေးလိုက်သည်။ သူမအိပ်စက်တော့မည်လေ။ ဘဝလက်ကျန်ဆီကနေ တခြားအသစ်ကို............။

You've reached the end of published parts.

⏰ Last updated: Dec 07, 2022 ⏰

Add this story to your Library to get notified about new parts!

ဆောင်းရာသီရဲ့ ကြေကွဲမှုများWhere stories live. Discover now