• Gᴜᴇsᴛ Hᴏᴜsᴇ •

703 85 3
                                    

ကျွန်တော်တို့ 7ယောက်ကဒီ guest house မှာအတူတူနေကြတဲ့သူငယ်ချင်းတွေ။
သူငယ်ချင်းတွေလို့ပြောပေမယ့် ကျွန်တော်နဲ့ရွယ်တူကနှစ်ယောက်။
ကျွန်တော်တို့ထက်ကြီးတဲ့အကိုတစ်ယောက်နဲ့ အငယ်လေးသုံးယောက်ရယ်ပေါ့။
အသက်အရွယ်တွေမတူကြပေမယ့်လဲ တစ်အိမ်ထဲအတူတူနေကြတဲ့ယောက်ျားလေးတွေဆိုတော့ ဒီလိုဘဲရင်းရင်းနှီးနှီးနေဖြစ်တယ်။
ကျွန်တော်တို့နေတဲ့ guest house ကအကြီးကြီးမဟုတ်ဘူး။
Jay အမဝမ်းကွဲရဲ့ Guest house ကိုသူတို့ကဒီလိုဘဲအကြာကြီးနေဖြစ်သွားတာ။
ပြီးတော့ကျွန်တော်တို့ဘဲရှိတာဆိုတော့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဘဲ။
Sunoo က Influencer လုပ်တယ်။ Cele ပေါ့။
Niki ကတော့ Dancer ။
အကို Heeseung က Gamer ။ အမြဲနီးပါး ဂိမ်းဆော့တယ် Streaming တွေလုပ်ပြီးနေတယ်။
Sunghoon က Photographer ။ သူ့မှာကိုယ်ပိုင် Studio လဲရှိတယ်။
Jungwon ကတော့ ကျောင်းသားလေးဘဲရှိသေးတယ်။ နယ်ဘက်ကနေဒီမှာကျောင်းလာတက်တာ။ ကျောင်းသွားလိုက် ကျူရှင်သွားလိုက်နဲ့ဘဲ သူ့အိမ်ကနေတစ်လတစ်ခါငွေလှမ်းပို့တယ်။
Jay ကတော့ဘာမှမလုပ်ဘူး။ အမြဲအိပ်ဘဲနေတယ်။
သူကသူ့အ‌ဖေ company ကအလုပ်တွေကိုကူတဲ့ work form home သူဌေးသားလေးလေ။ ဒါပေမယ့်ကျွန်တော်တို့အတွက်တော့ပင်တိုင်စားဖိုမှူးပေါ့။ သန့်ရှင်းရေးကိုလဲအမြဲအိမ်မှာကျန်ခဲ့တဲ့ Jay ကဘဲလုပ်လိုက်တာများပါတယ်။ အဲ့တာကိုအိမ်အကြီးကြီးမှာဇိမ်နဲ့မနေဘဲဘာလို့ဒီမှာလာနေနေတာလဲဆိုတာကတော့သူဘဲသိမှာပေါ့။ သူပြောတာတော့ဒီတိုင်းအိမ်မှာပျင်းလို့တဲ့။
ကျွန်တော်ကတော့ ဒီတိုင်းရုံးဝန်ထမ်း။ ‌နေ့တိုင်းပျင်းစရာကောင်းတဲ့အလုပ်တွေကိုဘဲလုပ်ပြီး အိမ်ပြန်ရောက်ရင်တော့ ဒီညီအစ်ကိုသူငယ်ချင်းတွေနဲ့ပျော်ရတာပေါ့။

...

"အရမ်းဆူတာဘဲ မင်းအခန်းထဲမင်းသွားကနေလို့မရဘူးလား ငါမနက် shooting ရှိတယ် မင်းလုပ်တာငါအိပ်လို့မရဘူး"

"သည်းခံလိုက်ပါ"

"ဘာ! မင်း!"

"ဟုတ်တယ်လေ အိပ်ခါနီးမှ Jake Hyung တို့နဲ့ခေါက်ဆွဲလိုက်စားပြီး မနက်မျက်နှာဖောင်းသွားရင်ကျတော့ဘာမှမပြောဘူးလေ ကျွန်တော့်ကျအမြဲလိုက်ပြောနေတာဘဲ"

Gᴜᴇsᴛ HᴏᴜsᴇWhere stories live. Discover now