( Unicode )
"အားး နာတယ်!"
"ခဏလေးဘဲ တောင့်ခံထားပါရှင်"
လူနာတင်ယာဥ်ပေါ်မှာလိုက်ပါလာသောကိုယ်ဝန်သည်အမျိုးသမီး၏အော်သံက ဆေးရုံတစ်ခုလုံးဆူညံစွာ။ယောကျ်ားဖြစ်သူကဇနီးသည်ရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာအားပေးစကားကိုဆိုသည်။ချွေးစတွေကမျက်နှာအနှံ့မှာကပ်ညှိလျှက်ရှိကာ မကြာခင်အချိန်တွင်သူတို့၏သားဦးရတနာအားမွေးဖွားရမည့်အချိန်။
ယခုအချိန်ကား နှစ်သစ်ကိုကြိုဆိုတော့မည့်ဒီဇင်ဘာလရဲ့နောက်ဆုံးရက်ဖြစ်တဲ့ 31ရက်နေ့၏ညအချိန် ၁၀ နာရီအတိ။တစ်နည်းအားဖြင့်ဆိုသော်Happy Newyearညပင်။ မွေးခန်းထဲမှဒေါ်မူမူမြင့်သည် သေမင်းတံခါးဝကိုအံတုကာ အားကုန်သုံးလျှက် သူ၏သားဦးရတနာအားမွေးဖွားနေခြင်းဖြစ်သည်။
"အား...ဆရာမရယ်လုပ်ပါဦး နာလိုက်တာ"
"အားသုံးပြီးညှစ်ကြည့်ပါဦး အစ်မရယ်"
"မူ ကိုယ်ရှိတယ်နော် ကိုယ်ရှိတယ် မူဘာမှမဖြစ်ဘူး သားလေးကို ကိုယ်တို့တွေလူ့လောကထဲကိုကောင်းကောင်းမွန်မွန်ခေါ်ဆောင်နိုင်မှာပါ"
ဦးဘုန်းမာန်ခက်ထန်ရဲ့အားပေးစကားကြောင့်ဒေါ်မူမူ့ခင်မျာမျက်ရည်ဝဲလျှက်သား။ဒီဆေးရုံကသူတိူ့ပိုင်သည့်ဆေးရုံဖြစ်တာမို့ မွေးဖွားဖို့ကိုပါရဂူတွေဖြင့်သာမွေးဖို့စီစဥ်ထားခြင်းသာ။ခွဲမမွေးချင်ဘူးဆိုတဲ့မိန်းမဖြစ်သူစကားကြောင့်အရှုံးပေးလိုက်ရသူကဦးခက်ထန်။
ဖွားခန်းထဲကသူဌေးကတော်ကိုကြည့်ကာ ဆေးရုံရှိ သူနာပြုတိုင်းလဲစိတ်မအေးရသလို ဆရာဝန်တွေနဲ့ဆေးရုံအုပ်ကြီးကအစ ထိုအမျိုးသမီးအားစိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။
"အူဝဲ....အူဝဲ...."
"မွေးပြီရှင့် မွေးပြီ"
ဆရာမဆီမှအသံကြားကြားချင်း နာရီကိုအလျှင်အမြန်ပင်ကြည့်လိုက်သည်။သားမွေးသည့်အချိန်က ဒီဇင်ဘာလ 31ရက်နေ့ ည ၁၂ နာရီတိတိ။
"ဆရာမ ဘာလေးလဲဟင်"
"ယောကျ်ားလေး"
"ကလေးနဲ့လူကြီးရော ကျန်းမာရဲ့လား"