Uni
Recommended song_ Monster by Irene & Seulgi
ဇာတ်လမ်းပါအကြောင်းအရာများ (အထူးသဖြင့် ဂါထာ၊ကျိန်စာ၊မန္တန်များ နှင့် အစီအရင်များ) သည် ခိုင့်စိတ်ကူးသက်သက်မျှသာဖြစ်ပြီး လက်တွေ့တွင် တကယ်မရှိကြောင်းနှင့် အမှားအယွင်း တစ်စုံတစ်ရာပါခဲ့သည်ရှိသော် ကိုယ့်လိုအပ်ချက်သာဖြစ်ကြောင်း အသိပေးပါရစေ။
"ထွက်ပြေးပေမယ့် မလွတ်မြောက်တဲ့ညတွေ...."
"သတိထားပါ သင့်အနီးနားမှာ ဝိညာဉ်တွေ ကခုန်နေပါလိမ့်မယ်"
ထိုအရာမှာ တခြားမဟုတ် စနေနေ့ မနက်၁နာရီတိုင်း Horror channel မှ video တစ်ခု အဆုံးသတ်တိုင်း ပြောလေ့ရှိသည့် နှုတ်ဆက်စကား ဖြစ်သည်။ Jennie လည်း ထို channel မှ တင်ဆက်ပေးသော Horror ဇာတ်လမ်းများနှင့် သဘာဝလွန်ဆိုင်ရာအကြောင်းများကို သဘောကျသည်ဖြစ်၍ အပတ်တိုင်း စနေနေ့ မနက်တစ်နာရီအထိ မအိပ်သေးဘဲ စောင့်ကြည့်လေ့ရှိသည်။ ဒီနေ့ကတော့ အလုပ်မှ လုပ်စရာရှိသည့် စာရင်းများ မပြီးသေးတာကြောင့် စာရင်းများလုပ်ပြီးမှသာ ကြည့်ဖို့အချိန်ရတာကြောင့် ကြည့်ပြီးသည့်အချိန်တွင် မနက်၂နာရီခွဲ ရှိပြီဖြစ်သည်။ ထို့ကြောင့် ခြေလက်မျက်နှာဆေးကြောပြီး အိပ်ရာဝင်ရန် ပြင်သည်။ မျက်နှာသစ်ရင်း ဒီနေ့ပြောသွားတဲ့ topic အကြောင်းကို စဉ်းစားနေသည်။ အရင်အပတ်တုန်းက ဂျပန်လူမျိုးတွေကြား လူပြောများတဲ့ folktalesတွေနှင့် သရဲဝိညာဉ်တွေအကြောင်း ပြောသွားတာဖြစ်ပြီး ဒီနေ့အပိုင်းက Dead Silenceဟူသည့် ရုပ်ရှင်အကြောင်း ပြောသွားခြင်းဖြစ်သည်။ အကျဉ်းချုပ်အနေနဲ့ဆိုရင် Jamie ရဲ့ဇနီးဖြစ်သူဟာ မည်သူကပေးလိုက်သည်ဆိုတာ မသိရတဲ့ လက်ဆောင်ရောက်လာပြီးတဲ့နောက်မှာ ထူးဆန်းစွာ အသတ်ခံလိုက်ရခြင်း။ ထိုလက်ဆောင်မှာ Billy ဆိုသည့် အရုပ်။ သတ်တဲ့သူက ထို Billy ဆိုသည့်အရုပ် ဖြစ်နေမည်ဆိုလျှင်ရော။ ဇာတ်လမ်းကတော်တော်စိတ်ဝင်စားဖို့ ကောင်းတာကြောင့် Jennie မနက်ဖြန် အလုပ်ပိတ်ရက်ကို ဘယ်မှမသွားဘဲ ကြည့်ရမည် ဟုတွေးလိုက်သည်။ ခြေလက်မျက်နှာ ဆေးကြောသန့်စင်ပြီးနောက် အထွေအထူး skincare မလုပ်ချင်တာကြောင့် face mask တစ်ခု ခဏကပ်ထားလိုက်သည်။ ခဏအကြာတော့ ခွေးအူသံကြားလိုက်ရသည်။ တကယ့်ကို ဆွဲဆွဲငင်ငင် အူလိုက်ခြင်း ဖြစ်သည်။ သူပဲ စိတ်ထင်တာလား မပြောတတ်ပေမယ့် အခါတိုင်းနှင့်မတူဘဲ ပို၍ ကြောက်စရာကောင်းပြီး ကျောချမ်းစရာကောင်းနေသလို ခံစားရသဖြင့် face mask ကိုတောင် ၁၅ မိနစ်ပြည့်သည်အထိ မစောင့်နိုင်ဘဲ ခွာလိုက်ပြီး အမြန် အိပ်ရာဝင်လိုက်သည်။ အိပ်ချိန်နောက်ကျတာရော အလုပ်က ပင်ပန်းတာတွေကြောင့်ရော အမြန်ဆုံး အိပ်ပျော်သွားတော့သည်။
YOU ARE READING
One shots Collection Of JenLisa
FanfictionPairing_ Lalisa Manobal × Jennie Kim Written in Burmese. (Both Uni and ZG)