☄️5

150 17 2
                                    



ချန်ယော် ရဲ့အသိတွေက တစ်ကယ်ကို ဝေဝါးလာနေပြီး အခန်းတစ်ခုလုံးက pheromone ရနံ့တွေပြည့်နေ၏ ။
တစ်ကိုယ်လုံးပူလောင်နေလျက် စိတ်ထဲကတောင်းတမှု့ကို တင်းခံပြီး ချုပ်ထိန်းထားရသည် ။ အချိန်တွေက ဘာလို့ အဲ့လောက်ကြာနေတာလဲ ။

ထိန်းချုပ်ရလွန်းလို့ ရူးတော့မလိုပင်  လည်ဂုတ်ကို ဆွဲယူကိုက်လိုက်ပြီး အသားချင်းထိတွေ့လိုက်ချင်တယ် ခံစားသိနိုင်ချင်းမရှိတဲ့ အဲ့ဒီရနံ့ကိုပဲတောင်းတတယ် ။ ဒါကတစ်ကယ်ကို အရှက်ကင်းမဲ့နေတာ ။

ချန်ယောလ် မနက်က မျက်ရည်တွေနဲ့ ကြမ်းပြင်ပေါ်လဲကျနေတဲ့ Omega လေးကို ပြန်မြင်ယောင်လာသည် ။  တစ်ဘ၀လုံး Omega တွေကို အနားကပ်ဖို့မပြောနဲ့ အခုလို့စိတ်တွေတောင်ရှိခဲ့တာမဟုတ်ဘူး ။ မြင်ယောင်မိလေ ချန်ယောလ်အပူကကြီးလာလေ ဖြစ်လာတာမလို့ တစ်ကယ်ကို ....တစ်ကယ်ကို ဒီလိုဖြစ်နေတာကိုမုန်းတယ် ။

" သခင်လေး ‌Omega ကောင်လေး ရောင်လာပါပြီ "

" ငါ့အခန်းထဲ ခေါ်ခဲ့ "

ရောက်လာပြီ ။

စံအိမ်ထဲ ၀င်လာတဲ့ ဘတ်ခ်ဟျွန်းက အကုန်လုံးကို လိုက်ကြည့်ပြီး သူမသိတဲ့ ကမ္ဘာကိုရောက်နေသလိုခံစားနေရသည် ။ တောကြီးထဲခေါ်လာပြီး ခေတ်မှီလွန်းတဲ့ အပြင်အဆင်နဲ့ စံအိမ်ကြီး လူတွေအများကြီးကိုလည်းတွေ့ရသည် ဘုရားစူး Alpha နဲ့အများကြီးနဲ့ beta အနည်းငယ်ပဲတွေ့တယ် Omega ဆိုတာ လုံး၀ကိုမရှိတာ ။

ဘတ်ခ်ဟျွန်းခြံ၀င်းထဲစတင်ခြေချလိုက်တည်းက အေးစက်မှူ့ကို စတင်ခံစားလိုက်ပြီး ရှေ့ဆက်ပြီးတော့တောင်မသွားချင်တော့သလိုပဲ ။

ဘတ်ခ်ဟျွန်း သူ့ကိုခေါ်လာတဲ့ Alpha ရဲ့နောက်ကလိုက်လာပြီး စံအိမ်ထဲခြေချလိုက်တယ် ။
အရမ်းကို အေးစက်လွန်းတယ် ။

" ယုခန်း !"

ရှေ့က ခေါ်သံတစ်ခုကြောင့် ဘတ်ခ်ဟျွန်းကို ခေါ်လာတဲ့ Alpha ရဲ့ ခြေလှမ်းတွေ ရပ်သွားသည် ။

ရှေ့ခေါ်တဲ့ လူကိုကြည့်လိုက်တော့ အရမ်းကြည့်ကောင်းတဲ့ Alpha က ခန့်ခန့်ညားညားကြီး သူ့တို့စီလာနေတယ် ။

WOLF Where stories live. Discover now