Chapter-4

151 23 6
                                    

[ပို့ဖြစ်ခဲ့သောစာ]

သို့/
ချစ်ရပါသောဆူယောင်းရေ

အခုဆို ဆူယောင်းရဲ့ပထမဦးဆုံးသီချင်းဓာတ်ပြားလေးထွက်လာခဲ့ပြီနော်
အစ်မသိပ်ဂုဏ်ယူတာပဲဆူ​ယောင်းရယ်။
နောက်ဆုံးတော့ အစ်မရဲ့ချစ်သူလေးဟာ အိပ်မက်တွေရဲ့ပန်းတိုင်ကိုလျှောက်လှမ်းနိုင်ခဲ့ပြီပေါ့လေ။
အခုတစ်ခေါက် ဂျပန်အဆိုတော်နဲ့တွဲပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက်သီချင်းဆိုရပေမယ့်။
မကြာခင် ဆူယောင်းရဲ့တစ်ကိုယ်တော်သီချင်းတွေထွက်လာလိမ့်မယ်လို့အစ်မမျှော်လင့်နေတယ်။
ဆူယောင်းလည်းသိပ်ပျော်နေမှာပဲ လို့အစ်မထင်တယ်။
ဒီလောက်ဆို အစ်မတို့ဝေးနေရတာတန်ပါတယ်လေ။

ဆူယောင်းလည်း အလုပ်တွေမအားလို့ အစ်မကိုစာမပြန်ဖြစ်တာမဟုတ်လား။
အရမ်းပင်ပန်းလာရင် မျက်လုံးလေးမှိတ်ပြီးခဏလောက်အိပ်ဖြစ်အောင်အိပ်လိုက်နော်၊ အစားလည်းမှန်မှန်စား။
ရေခြားမြေခြားမှာ လူအတန်းအစားမျိုးစုံနဲ့ပေါင်းသင်းဆက်ဆံနေရတာမို့အစစအရာရာသတိလည်းထား။

နောက်ပြီး....
မပြောတော့ဘူးရယ်လို့ထားလိုက်မလို့ပေမယ့် အစ်မစိတ်တွေလေ၊ ဘယ်လိုမှရတက်မအေးနိုင်ဖြစ်နေရတယ်။

ဆူယောင်း 'အစ်မကိုချစ်သေးတယ်မဟုတ်လားဟင်?'

ဒီလိုမေးရတာ ဆူယောင်းကိုမယုံလို့မဟုတ်ရပါဘူး။
ပတ်ဝန်းကျင်ကစကားတွေ နားထဲကြားရဖန်များတဲ့အခါ အစ်မမှာသံသယစိတ်တွေနဲ့ တွေးတွေးပြီးပူပန်နေမိတယ်။

သီချင်းတွေထွက်လာပြီးကတည်းက သတင်းစာထဲမှာ ဆူယောင်းနဲ့ အဆိုတော် ယူကီရို ဟာရှီ တို့ဓာတ်ပုံတွေကိုခဏခဏတွေ့ရတယ်။
လူတွေကဆူယောင်းကို ယူကီရိုဟာရှီနဲ့ သမုတ်နေကြတယ်လေ။
ဒီလိုစကားတွေကြားတိုင်း ပတ်ဆူယောင်းက အစ်မရဲ့မိန်းကလေးပါ၊အစ်မအပိုင်ပါဆိုပြီး ကြွေးကြော်ပြလိုက်ချင်တယ်။
ဒါပေမယ့်ဆူယောင်းရယ်..
အစ်မမှာက ဆူယောင်းကိုစောင့်နေယုံကလွဲရင်တတ်နိုင်တာဘာများရှိလို့လဲကွယ်။
လွမ်းလှပြီဆူယောင်းရယ်။

ဘယ်တော့များပြန်လာမှာလဲ အစ်မဆက်ဆက်စောင့်နေပါတယ်။

ဆူယောင်း သွားတဲ့လမ်းခရီးတိုင်းမှာဘေးမသီရန်မခပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

We'll Meet AgainWhere stories live. Discover now