'Yoongiဒီကလေးကိုအခန်းပြင်ပေးလိုက်'
'ဟုပ်... လာငါအခန်းလိုက်ပြမယ် jimin'
'ဟုပ်ကဲ့'
ကလေးက ခေါင်းလေးငုံ့ပြီး နောက်ကနေဖြည်းဖြည်းချင်းလိုက်လာတယ်
ကျွန်တော်လှည့်ကြည့်လိုက်တော့ သေချာပြန်ကြည့်လာတယ်
တစ်ခုခုပြောချင်နေတဲ့ပုံစံမျိုးနဲ့'Jimin ဘာပြောချင်လို့လဲ'
'ဟို.....ဟို '
မပြောရဲတဲ့ပုံစံလေးနဲ့ တိုးညှင်းစွာပြောလာတဲ့ ကလေးလေး
'ကိုကိုက သားကို Appaလိုမျိုး ရိုက်မှာလားဟင် '
ကိုကိုဆိုတဲ့ခေါ်သံလေးကိုသဘောကျမိပေဲ့ ပြောလိုက်တဲ့စကားကြောင့် ရင်ထဲမကောင်း
သူလည်းကလေးရှေ့ဒူးထောက်ထိုင်ချရင်း
ကလေးရဲ့ပခုံး၂ဖက်ကိုဆုပ်ကိုင်လိုက်တယ်'ကိုကိုက Jiminieကိုမရိုက်ပါဘူး
မကြောက်နဲ့နော် ''ဟုပ်'
ကောင်လေးပြုံးလိုက်ရင်အလွန်ပင်ချစ်စရာကောင်းသည်
မျက်လုံးလေးတွေ မှိတ်သွားအောင်ဖြူဖြူစင်စင်ပြုံးနေတာ_____________________________
At morning
'Yoongi'
'ဗျာ'
'ငါအလုပ်သွားတော့မယ်'
'ဟုပ်'
သူတို့သားအဖကဒီလိုပါပဲ နှစ်ယောက်လုံးကအေးတိအေးစက် စကားအပိုအလိုမပြော
'Jiminကိုသွားနှိုးလိုက်ဦး အရမ်းကြာကြာအိပ်ရင် ခေါင်းကိုက်နေဦးမယ်'
'ဟုပ်'
Min Yoongiဆိုသည်မှာ အမြဲဒီလိုပါပဲ စကားပြောလိုက်ရင် 'ဟုပ်'အပြင်ပိုမပြော
ကွယ်ရာမှာတော့လုပ်ချင်တိုင်းလုပ်သူ>>>>>>
'Jimin ထတော့ ၉နာရီထိုးနေပြီ
အကြာကြီးအိပ်ရင်ခေါင်းကိုက်မယ်လေ''ဗျာ.. ဟုပ်'
လိမ္မာလိုက်တဲ့ကလေး ၂ခါတောင်နှိုးစရာမလို
အိပ်ချင်မူးတူးဖြစ်နေတဲ့ပုံလေးကချစ်စရာကောင်းလွန်းလို့
ပါးလေးကိုဆွဲမိတော့ နှစ်နှစ်ခြိုက်ခြိုက်ပြန်လည်ပြုံးပြလာတယ်
