Unicode
နောက်တစ်နေ့တွင် ရှီယွင်နန်သည် တောင်နဲ့ မြောက်တောင် ဘယ်မှာမှန်းမသိတော့တဲ့ အထိ မူးဝေကာနိုးလာတော့သည်။
သူ့လက်ကို ခေါင်းပေါ်တင်ကာ နိုးလာတာနဲ့ မသိစိတ်က တိုးတိုးလေး ညည်းညူသံများ ထွက်လာတော့သည်။
တ တ တ။
ကြမ်းပြင်ပေါ်တွင် ဖိနပ်စီးပြီး လျှောက်လာတဲ့အသံ ထွက်ပေါ်လာ၏။
တံခါးမှာ အချိန်အတော်ကြာ စောင့်နေတဲ့ ရွှေငါးလေးမှာ အခန်းထဲက လှုပ်ရှားမှုကို ကြားလိုက်တာနဲ့ ကုတင်ဘေးသို့ ချက်ချင်း ပြေးလာသည်။ "ရှောက်ရှုရှု နိုးပြီလား?"
ရှီယွင်နန်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသေးပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ "ဟမ်? ဘာလို့ကျောင်းမသွားတာလဲ?"
"ကျောင်းပိတ်ရက်လေ။"
ရွှေငါးလေးက သူ့လက်များကို ကုတင်အစွန်းတွင် ထောက်လိုက်ပြီး ခေါင်းလေးကို ချစ်စရာကောင်းစွာစောင်းလာသည်။
"မနေ့ညက သောက်ထားလို့ ရှုရှုက သားကိုသွားမနှိုးနဲ့လို့ ပြောထားတာ။ ဒါမယ့် ရှောင်ရှူရှု အိပ်နေတာ တော်တော်ကြာနေပြီ။ သားတောင် မနက်စာ စားပြီးပြီ။"
ရှီယွင်နန် ထလိုက်ပြီး မနေ့ညက ဘာတွေဖြစ်သွားလဲဆိုတာတွေကို ပြန်စဉ်းစားနေမိ၏။
ကံမကောင်းစွာနဲ့ပဲ၊ ဝီစကီ တစ်ပုလင်းနဲ့ တစ်ဝက်ရဲ့ အာနိသင်က ပြင်းလွန်းကာ၊ သူရဲ့မူးနေတုန်းက မှတ်ဉာဏ်တွေသည် ဟိုတစ်စ ဒီတစ်စနဲ့ အပိုင်းပိုင်းဖြစ်သွားတော့သည်။
ဒါမယ့် ရှပ်ထိသွားနဲ့အနမ်းတိုလေးကတော့.....။
သူမူးနေလို့ စိတ်လိုက်မာန်မာ လုပ်မိသွားတာလား ဒါမှမဟုတ် မူးပြီး မက်တဲ့ အိပ်မက်လား?
—ဝှစ်!
အိပ်ခန်းထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာသည့် အလင်းရောင်သည် ရှီယွင်နန်ရဲ့ အတွေးများကို နှောင့်ယှက်လာတာကြောင့် မသိစိတ်ကနေ သူ့လက်တွေကို မြှောက်လိုက်ပြီး ပိတ်ဆို့လိုက်ကာ အလင်းရောင်နဲ့ ကျင့်သားရအောင် မျက်လုံးလေးကို မှေးလိုက်သည်။
YOU ARE READING
ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီးနောက်
RomanceEnglish Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All credit to original author and English translator.