ep.3

235 9 2
                                    

***ဦးရဲ့ကလေး***

Winကအပြင်မှာစောင့်ပြီး ဂနာမငြိမ်ဖြစ်နေ ရွဲးတွေလည်းတစ်ဖြန့်ဖြန့်နဲ့ကျလာတယ် သူအရမ်းစိတ်မကောင်းဖြစ်မိ

"ဆရာ"

"ခင်ဗျားက ကလေးရဲ့အဖေလား"

Winအနည်းငယ်ဒေါသထွက်တယ်

"သူ့လင်"

ဆရာကမျက်လုံးပြူးပြီးပြုံးနေမိ

"ဟုတ်ကဲ့ မြွေဟောက်ကြီးကအဆိတ်ကြီးတယ် ဒီတစ်ခါကကံကောင်းထောက်စွာနဲ့ အချိန်မှီကုသခံရတာ မဟုတ်ရင် အသက်ပါရှုံးဆုံးဪလိမ့်မယ်"

"ဒါဆို Bright ဘာမှမဖြစ်တော့ဘူးပေါ့"

"ဟုတ်တယ် ဒါပေမယ့်ဆေးရုံကိုတော့ ၂-၃ရက်လောက်အနားယူရမယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

Winအမြန် Brightအခန်းထဲပြေးဝင်သွားတယ် Brightကမနိုးသေးမှန်းမြင်တော့ winကသာယာစွာပြုံးပြီး Brightရဲ့ဆံပင်ကိုလှန်ပြီး နဖူးလေးကိုနမ်းလိုက်တယ်

"တောင်းပန်ပါတယ်"

"ဦး ဦး Prim ကိုဘာမှမလုပ်နဲ့ ကျွန်တော်သူ့ကိုချသ်တယ်"

Brightကယောင်ပြီးပြောနေ winရဲ့အပြုံးမျက်နှာကနေတစ်ဆင့် ဒေါသထွက်တဲ့မျက်နှာကိုချက်ချင်းပြောင်းပြီး လက်သီးကိုဆုတ်လိုက်တယ်

"Prim...အဲ့ကောင်မကဘယ်သူလဲ"

Winအမြန် Brightဖုန်းကိုထုတ်ကြည့်တော့ Brightနဲ့အဲ့ကောင်မလေး ပုံရိုက်တာကိုမြင်ရတယ် နာရီကိုလည်းတွေ့ရတယ်

"နင်သေပြီမှတ်"

Winက Brightရဲ့လက်ကနာရီကိုထုတ်ပြီး သူ့နာရီကိုထည့်ပေးလိုက်တယ် အဲ့နာရီက Brightရှိတဲ့နေရာတိုင်းကိုညွှန်ပြတယ် winပြန်မချွတ်ပေးရင် နာရီကချွတ်လို့မရ

"ဟယ်လို Mike ငါပို့ထားတဲ့ပုံကိုမြင်လား"

"မြင်တယ်ဗျ ချစ်စရာကောင်းတယ်"

"ဘယ်နားချစ်ဖို့ကောင်း"

Winကဒေါသတကြီးနဲ့အော်လိုက်တယ်

"အဲ့ကောင်မကိုသတ်လိုက်"

Mikeမျက်လုံးပြူးသွားတယ်

"သတ်လို့မဖြစ်ဘူးဗျ အဲ့ကလေးက သူဌေးရဲ့တူမလေးပါ"

"ဘာ....ငါ့အမက ဘယ်တုန်းက ကလေးရခဲ့လို့လဲ"

"မဟုတ်ဘူးဗျ အဲ့ကလေးက သူဌေးရဲ့အဖေရဲ့ညီမလေးရဲ့ကလေးပါ"

Winအံ့ဩသွားတယ် သူ့အဒေါ်ရဲ့ကလေးဖြစ်မှန်းမသိဘူး မြင်လည်းမမြင်ဖူး winသက်ပြင်းချတယ်

"ဦး ရေပေးပါအုံး"

"Mike ဒါဆိုငါဖုန်းချတော့မယ်"

Winဖုန်းချပြီး Brightရေသောက်နိုင်အောင်စီစဉ်ပေးလိုက်တယ်

"Bright ဘာလို့ငိုသလဲ"

"ကျွန်တော် ရှိူက်ရှိူက် ကျွန်တော်ဦးနဲ့မပြန်တော့ဘူး"

"ဦးရဲ့ကလေး ဘာလို့ဒီလိုပြောသလဲ ဦးနဲ့မနေရင်ဘယ်သူနဲ့နေမလဲ"

"Prim"

"Bright မင်းဘာစကားပြောသလဲ မင်းကိုငါပိုင်တာလေ"

Winရဲ့ကြမ်းတမ်းတဲ့အော်သံကြားတော့ Brightအလွန်ကြောက်သွားတယ် သူအမြန်အိပ်ပြီး သူ့ခေါင်းလေးကိုစောင်နဲ့အုပ်ထားတယ် winသက်ပြင်းချပြီးအပြင်ကိုထွက်သွားလိုက်တယ်

_____________

"ဟယ်လို win"

"P'pookကူပါအုံး Brightကကျွန်တော်နဲ့မနေချင်တော့ဘူး"

"Winကဘာလုပ်သလဲဟင် ကလေးကိုအနိုင်ကျင့်သလား"

"ဟင့်အင်မဟုတ်ဘူး နော် P' ကျွန်တော့်ကိုကူပါ"

"ဟုတ်ပြီ အမပြောပေးမယ်နော် စိတ်မရှုပ်နဲ့ ဒါဆိုအမဖုန်းချတော့မယ်"

"ဟုတ်ကဲ့ဗျ"

အားလုံးထူးဆန်းလိမ့်မယ် winကတစ်ခြားလူနားမှာ ကျောက်ခဲလိုနေပေမယ့် သူ့အမရှေ့မှာတော့ သနားစရာကလေးတစ်ယောက်ပါပဲ သူတစ်သက်လုံးမှာ သူ့ကိုကာကွယ်စောင့်ရှောက်တယိဆိုသူ့အမပဲရှိတာ သူ့အမရှေ့မှာ အမြဲတမ်းကလေးလေးပါပဲလေ

You've reached the end of published parts.

⏰ Last updated: Sep 25, 2022 ⏰

Add this story to your Library to get notified about new parts!

🤵ဦးရဲ့ကလေး👶Where stories live. Discover now