This Rose

1.3K 144 20
                                    

Unicode

ဘေစင်ကတစ်တောက်တောက်ကျနေတဲ့ရေပိုက်ခေါင်းကိုပိတ်လိုက်ကာဆေးထားသောကော်ဖီခွက်ကို အပေါ်က ပန်းကန်ထည့်တဲ့ဗီဒိုလေးအတွင်းထည့်ကာ လက်မှာတင်ကျန်နေတဲ့ရေစက်တွေကိုဖွဖွခါရင်းနံရံမှာချိတ်ဆွဲထားတဲ့ လက်သုတ်ပဝါကိုယူကာ ပွတ်သုတ်ပီးနောက် နောက်ဖေးခန်းကိုဖြတ်ကျော်ကာ စကားသံတွေရှိရာ ဧည့်ခန်းနားကိုတစ်ချက်လျှောက်လာခဲ့သည်..။သို့ပေမဲ့ ဂျောင်ဝန်းသိချင်သောအကြောင်းအရာမရှိပဲ နားမထောင်ချင်တဲ့အကြောင်းအရာတွေကိုသာဆွေးနွေးနေတဲ့ မိဘနှစ်ယောက်နဲ့အတူ အသက်ကြီးကြီးလူကြီးကို နားမလည်တာမို့ ဧည့်ခန်းကိုလျစ်လျူရူ့လိုက်ရင်း တွေ့ချင်တဲ့လူရှိရာ အိပ်ခန်းထဲကို ဦးတည်လိုက်သည်...။

Dream catcherလေးချိတ်ဆွဲထားတဲ့အခန်းတံခါးကိုနေ့တိုင်းအခေါက်ခေါက် အခါခါတွေ့မြင့်ဖူးပေမဲ့ အကြိမ်တိုင်းပြုံးမိတာကိုမငြင်းဆိုနိုင်..။ ကလစ်ခနဲအခန်းတံခါးပွင့်သွားတာနဲ့ ကုတင်ထက်မှာ လှဲလျောင်းနေတဲ့ သူက မျက်လုံးတွေဖွင့်ကြည့်သည်..။ ဂျောင်ဝန်းတောက်တောက်ပပလေးပြုံးပြရင်း အနားသို့လျှောက်လာတဲ့အခါ ကြည့်နေတဲ့မျက်ဝန်းဝိုင်းတွေက ရေပြင်လိုတည်ငြိမ်သည်..။

ဖြူဖျော့ဖျော့မျက်နှာထက်မှာ ခပ်ခွေခွေရှိနေသောဆံနွယ်ဖြူတွေကိုတစ်ချက်သပ်လိုက်ရင်း ကုတင်ထက်မှာဝင်ထိုင်တော့ စိုက်ကြည့်နေတဲ့မျက်ဝန်းညိုတွေက လျစ်လျူရူ့သွားသည်..။

ဂျောင်ဝန်းခပ်သာသာပဲ ပြုံးရင်း ဆေးတွေတင်ထားတဲ့ကုတင်ဘေးကစားပွဲထက်က ဆေးထိုးအပ်အသစ်တစ်ချောင်းကိုယူကာ ပိန်ပါးပါးလက်တစ်ဖက်ကို ဆွဲယူလို့ အကြောထဲထိုးသွင်းတဲ့အခါ မျက်မှောင်လေးတွေကြုတ်ပါတဲ့သူဟာ စိတ်မကြည်စွာ စူးရဲရဲလေးစိုက်ကြည့်လာပြန်သည်..။

" ကိုကိုနေပြန်ကောင်းတော့မှာမို့လို့ ဒီဆေးတွေကိုနောက်ဆို ထိုးစရာမလိုတော့ဘူး...ခဏပဲနာတော့မှာနော်.."

သွေးရောင်မရှိတဲ့ပါးပြင်ကိုဖွဖွလေးပွတ်သပ်တဲ့အခါ စကားတစ်ခွန်းမဆိုတဲ့ကိုကိုက စကားပြောဖို့အသံတွေပျောက်ဆုံးသွားခဲ့ပြီပဲ..။ အနားမှထကာ လေဝင်လေထွက်မရှိတဲ့မှန်ပြတင်းပေါက်မှ လိုက်ကာစတွေကိုလိုက်လံဆွဲဖွင့်တဲ့အခါ ကိုကိုရဲ့အလင်းရောင်သိပ်မခံနိုင်သေးတဲ့မျက်ဝန်းတွေက မျက်ဆံညိုညိုလေးတွေကို မျက်တောင်ရှည်တို့နှင့်တဖြတ်ဖြတ်ခတ်ရင်း အလင်းရောင်ကို ကာကွယ်ရှာသည်..။

You've reached the end of published parts.

⏰ Last updated: Sep 25, 2022 ⏰

Add this story to your Library to get notified about new parts!

𝚃𝚑𝚒𝚜 𝚁𝚘𝚜𝚎 // 𝚈𝚊𝚗𝚐𝚑𝚘𝚘𝚗Where stories live. Discover now