ဦးခြေရင်းမှနှလုံးသားတစ်စုံ
{အဟောင်းကိုပြန်တင်ပါသည်။}
#အခန်း၁#
နန်းတော်ကြီးတစ်မျှ ကြီးကျယ်ခမ်းနားလှသော ဟိုတယ်ကြီးတစ်ခုထဲတွင်လူအများစည်ကားသိုက်မြိုက်စွာ ရောက်ရှိနေပီး ပျော်ရွှင်ရီမောနေကျလေသည်။
အောင်မြင်ကျော်ကြားသော ဂုဏ်သရေရှိလူအများနှင့်အတူ သတင်းထောက်အများအပြား လူကုံထံအသိုင်းအဝိုင်းမှလူအများရောက်ရှိနေကျသည်။
''ဝါးးးလှလိုက်တာ နတ်သမီးလေးကျနေတာပဲ´´
မိတ်ကပ်ပြင်ပေးနေသော မာမီဆီမှချီးကျူးသံကြောင့် သူမပြုံးလိုက်မိသည်။
''သတို့သားမြင်ရင်တော့ ကြွေဆင်းတော့မှာပဲ´´
''အဲ့တာပြောတာပေါ့ သတို့သမီးကောသတို့သားကော ပြောစရာမရှိအောင်လိုက်ဖက်နေလွန်းလို့ မနာလိုတောင်ဖြစ်နေပီ´´
''ဟုတ်တယ် အရမ်းကိုလှနေကျတာလေ´´
''သတို့သမီးကကံကောင်းလိုက်တာ Golden.World(G.W) Groupရဲ့ချွေးမလဲဖြစ် သတို့သားကလဲပြောစရာမလိုအောင် ခန့်ညားလွန်းလို့ ဂုဏ်ယူလိုက်တာ´´
''ဟုတ်တယ် (G.W)Groupရဲ့ ချွေးမဖြစ်ဖို့ကလွယ်တာမဟုတ်ဘူး အခုတော့ကြည့်ပါအုံး ကံကောင်းလိုက်တာ´´
''ကဲပါမာမီတို့ရယ် အရမ်းတွေမြှောက်နေကျလွန်းလို့ ဆူးအပေါ်မြှောက်တက်နေပါပီ အဟွန်း´´
''တစ်ကယ်ပြောတာ အရမ်းကိုလှပီးလိုက်ဖက်လွန်းလို့´´
''မင်္ဂလာပွဲစတော့မယ် ၁၀မိနစ်ပဲလိုတော့တယ်´´
''အားလုံးအဆင်သင့်ပဲ´´
ကောင်မလေးတစ်ယောက်ကလာပြောသဖြင့် မာမီတစ်ယောက်ကပြန်ဖြေလိုက်သည်။
''ကဲထ သတို့သမီးလေးခန်းမဆီသွားရအောင်´´
ဆူးနေရာမှထလိုက်ကာ ခန်းမဆီလျှောက်လာခဲ့လေသည်။
''ဝါးးလှလိုက်တာ´´
ဖြောင်းးဖြောင်းးဖြောင်းး
လူအများရဲ့လက်ခုပ်သံများကြားမှာ သူမမျက်နှာလေးပြုံးရွှင်နေလေသည်။သတို့သားရှိရာသို့ တစ်လှမ်းချင်းရွေ့လျားကာ လျှောက်လာခဲ့လေသည်။သူကမ်းပေးသောလက်ကို လှမ်းလိုက်ရင်း လှပသောအပြုံးတစ်ပွင့်ဖန်ဆင်းကာ စင်မြင့်ပေါ်တက်လိုက်သည်။
ВЫ ЧИТАЕТЕ
ဦးခြေရင်းမှနှလုံးသားတစ်စုံ
Любовные романыမိန်းမတွေကိုမုန်းတီးနေတဲ့အချိန်တိုင်းရဲ့အနားကို ယောကျာ်းလေးတစ်ယောက်လိုဟန်ဆောင်ပြီး ချဥ်းကပ်လာမယ့် သျှင်ရုန်းခက်။ သျှင်ရုန်းခက်ဆိုသည့်ကောင်မလေးအတွက်ဆို အရာရာသည်းခံနားလည်ပြီး တစ်ဖက်သက်ချစ်ခြင်းနဲ့ ပေးဆပ်ချစ်သွားမယ့် စစ်ပြေညိမ်း။