ဦးခြေရင်းမှနှလုံးသားတစ်စုံ {part 5}

1K 25 0
                                    

#အပိုင်း၅#

ဒေါက် ဒေါက်

''အင်းကောင်လေး ဝင်ခဲ့´´

''တိုင်း..´´

''ဟင်!ဆူးပန်းနွယ် မင်း´´

''ဖိုင်တွေလာပို့တာ...´´

''ဘာကိစ္စမင်းကလာပို့ရတာလဲ လာယူတဲ့ကောင်လေးဘယ်ရောက်သွားပီလဲ...´´

''မသိဘူးလေ အဲ့ကောင်လေးကပြောတာ တိုင်းကဖိုင်တွေလာပို့ပေးပါအုံးဆိုလို့ ဆူးကိုယ်တိုင်လာရတာ´´

''ဘာ!!´´

ကျစ် ဒီကောင်လေးကတော့ကွာ အလုပ်ကိုဘယ်လိုလုပ်နေတာလဲ...တိုင်းစိတ်ထဲမှတွေးကာ ဒေါသထံက်နေလေသည်။မကြည့်ချင်တဲ့ဒီမိန်းမမျက်နှာကသူ့ရှေ့တည့်တည့်ရောက်လာပြန်သည်။

''ရော့...´´

''အဲ့ပေါ်တင်ထားလိုက် မင်းသွားလို့ရပီ..´´

''တိုင်း..ဆူးကို´´

''မင်းနဲ့ငါပက်သက်မှု့ကအလုပ်ကိစ္စပဲ ဆူးပန်းနွယ် ပီးတော့ငါကမင်းရဲ့အထက်လူကြီး ဒီကုမ္ပဏီရဲ့CEO အဲ့တော့ မင်းကိုယ်ရေးကိုယ်တာနဲ့အလုပ်နဲ့ခွဲခြားတက်ပါစေ အလုပ်ကိစ္စကလွဲပီး အခြားအကြောင်းတွေငါ့ကိုလာမပြောနဲ့´´

''တိုင်းဘက်ကမေးဘူးလား ဆူးဘာကြောင့်ကိုဘုန်းနဲ့လက်ထပ်ရတယ်ဆိုတာကို´´

''ကျစ်..ဒီကိစ္စကမေးစရာမလိုအောင်သိနေတဲ့ကိစ္စကို ငါ့ဘက်ကဘာမေးရမှာလဲ´´

''မဟုတ်ဘူးတိုင်း...အဲ့အချိန်တုန်းက ဆူးမှာ ဆူးမှာ´´

''တော်တော့ဆူးပန်းနွယ်မင်းစကားတွေကိုဒီမှာရပ် ငါ့အဲ့အကြောင်းတွေပြန်မတွေးချင်ဘူး..အရာအားလုံးဟာမင်းရွေးချယ်ခဲ့တဲ့လမ်းပဲ မင်းကိုငါပြောခဲ့တယ်လေ မင်းရဲ့လုပ်ရပ်အတွက်နောင်တမရပါစေနဲ့လို့...အခုမှလာပီးငါ့ဆီမှာမျက်ရည်ချူမနေနဲ့ ငါကအရင်သနားတက်တဲ့ကောင်မဟုတ်တော့ဘူး အရင်လိုလဲမတုံးတော့ဘူး´´

''တိုင်းကိုချောက်ချမိလို့ ဆူးတောင်းပန်ပါတယ်..ဒါပေမယ့်တိုင်းရယ် တစ်ခါလောက်ဖြစ်ဖြစ်ဆူးအပေါ်ကို နားလည်ပေးပါ့လားဟင်..ဆူးမှာလဲဆူးရဲ့ဘဝအတွက် အဲ့လမ်းကိုရွေးချယ်ခဲ့ရတာပါ တိုင်းကိုသိပ်ချစ်ပါတယ် အဲ့အချိန်ကတည်းကနေ အခုထိလဲတိုင်းကိုချစ်နေတုန်းပဲ..´´

ဦးခြေရင်းမှနှလုံးသားတစ်စုံWhere stories live. Discover now