Ep_1

14.3K 441 99
                                    

season 1ဖြစ်တဲ့ "All in" ကိုအရင်ဖတ်ပါ!

Unicode

It's been 6 years but I'm still looking for you.

မှန်ပြတင်းတံခါးတွေကိုသာအများဆုံးအသုံးပြုထားတဲ့coffeeဆိုင်လေးတစ်ခု။ရည်ရွယ်ချက်ကအပြင်ကမြင်ကွင်းတွေကိုမှန်နရံတွေကနေတစ်ဆင့်ထိုးဖောက်မြင်နိုင်ဖို့အတွက်။ဆေးရောင်စုံသုတ်ထားတဲ့ဆိုင်ခန်းတစ်ချို့နဲ့လူနေအိမ်တစ်ချို့ကိုမှနနံရံတွေကနေတစ်ဆင့်မြင်နေရတယ်။အဆောက်အဦးတွေကိုကပ်ရပ်ယှဥ်ဆောက်ထားကြပြီးဆေးရောင်စုံတွေကိုမတူညီစွာခြယ်သထားခြင်းကမျက်စိပဒသကိုဖြစ်စေတယ်။အမှိုက်တစ်စတောင်မရှိတဲ့လမ်းမပေါ်ကလူသွားလူလာကျဲပါးလွန်းတယ်။မနက်ခင်းအချိန်ဖြစ်နေတာကြောင့်လည်းပါမယ်။

်coffeeဆိုင်လေးအတွင်းမှာလူနှစ်ယောက်ကမျက်နှာချင်းဆိုင်အနေအထားနဲ့ထိုင်နေကြတယ်။တစ်ချက်တစ်ချက်မှာblack coffeeနံ့သင်းသင်းကနှာဖျားဝကိုတိုးတိုက်ကိုကျီစယ်တယ်။ဆံပင်ကောက်တွေနဲ့မျက်စံပြာတွေရှိတဲ့လူကcoffeeခွက်ကိုတစ်ကြိုက်ယူမော့သောက်တယ်။ပြီးတာနဲ့ဘသူ့အရှေ့ကနေမှန်နရံအပြင်ဘက်တွေကိုငေးမောကြည့်နေတဲ့လူကိုတစ်ဖန်ပြန်ငေးတယ်။သူ့အတွက်တော့အပြင်ကမြင်ကွင်းတွေထက် သူ့အရှေ့ကလူကသာပိုပြီးငေးမောဖွယ်ကောင်းတဲ့အရာလိုမျိုး။ဒိန်းမတ်ကအလှတရားတွေကသူ့အရှေ့ကအလှတရားတစ်ခုကိုတော့မမှီနိုင်သလိုမျိုး။

အပေါ်ထပ်အညိုရောင်ကုတ်ကိုဝတ်ထားတဲ့လူက ခြေထောက်နှစ်ဖက်ကိုချိတ်ထားပြီးလက်နှစ်ဖက်ကိုသိုင်းယှက်ထားတယ်။သူထင်တာမမှားရင်ဒီလူကအညိုရောင်တွေနဲ့သိပ်လိုက်တယ်။ရွှေရောင်လေးထောင့်မှန်ဘောင်အောက်ကမျက်ဝန်းတွေကသိပ်သဘောကျစရာကောင်းတယ်။တည်ငြိမ်နေတဲ့မျက်ဝန်းအိမ်တွေက အေးချမ်းမှုတွေကိုဆောင်တယ်။တစ်လောကလုံးကမ္ဘာပျက်မတက်ဖြစ်နေရင်နေတောင်ဒီလူရဲ့မျက်ဝန်းအိမ်တွေရှေ့ရောက်ရင်တော့စိုးရိမ်ပူပန်မှုတွေလျော့ပါးသွားစေ​ေလာက်တဲ့အထိအေးချမ်းမှုမျိူး။အပြင်ဘက်ကိုငေးနေတဲ့လူရဲ့နှုတ်ခမ်းဖျားလေးတွေကကော့တက်သွားခဲ့တယ်။

မကြာခင်မှာသူ့ဆီကိုရည်ရွယ်တဲ့အပြစ်တင်သံလေးတွေကိုကြားရလိမ့်မယ်။ပါးနပ်လွန်းတဲ့သူကဒီလိုအချိန်တိုင်းသူ့ကိုဟန့်တားတက်တယ်။ငေးကြည့်နေရခြင်းကနေမပိုခဲ့ရပေမဲ့ ဒီလိုအချိန်တိုင်းကိုဆုလာဒ်တစ်ခုအနေနဲ့သဘောထားတဲ့သူကစကားလုံးတိုင်းကိုကျေကျေနပ်နပ်ကြီးလက်ခံဖို့အသင့်အနေအထားနဲ့ရှိနေတယ်။သိုင်းယှက်ထားတဲ့လက်နှစ်ဖက်ကိုဖြေချလိုက်တဲ့သူကကောဖီခွက်ဆီကိုအာရုံပြန်စိုက်လာတယ်။နှုတ်ခမ်းကအပြုံးတွေကမပျက်ခဲ့။ကော်ဖီခွက်ကိုကိုင်ထားရင်းနဲ့ သူ့ကိုမကြည့်ပဲပြောလာတဲ့စကား။

[ ᴡʜᴇɴ ᴡᴇ ᴍᴇᴇᴛ ᴀɢᴀɪɴ ] ( Completed )Where stories live. Discover now