P. 2

27 7 0
                                    

Miss you more than
(M. Y. M. T)

P. 2

အကြိုက်ဆုံးအရာကိုပြောပါဆို ခါးသက်သက်ကော်ဖီတစ်ခွက်ကိုလက်ညိုးထိုးပြရမယ်ပင်

နောက်အပတ်ပြီးလျှင် ပြိုင်ပွဲတွေစပြီမို့ သူစိတ်လှုပ်ရှားနေရသည်
သူနဲ့အတူပြိုင်ပွဲဝင်တိုင်းလဲ စိတ်လှုပ်ရှားနေလောက်သည်

"နေရာလွတ်မရှိလို့ ထိုင်လို့ရမလား"

မိန်းမဆန်ဆန်အသံကြောင့်ဘေးဘက်မော့ကြည့်တော့ အနက်ရောင်ဆံပင်ခွေခွေလေးတွေနဲ့မိန်းခလေးတစ်ယောက်

အမှန်ပင် ကော်ဖီဆိုင်ထဲ ခုံအလွတ်ရှားနေသည်မို့သူခေါင်းငြိမ့်ပြလိုက်တော့ လက်ထဲကကော်ဖီအေးလေးနဲ့အတူ လွယ်အိတ်လေးခုံပေါ်တင်သော မိန်းကလေး

သူလဲ ဘေးမှန်ချပ်ဘက်အကြည့်ပို့ကာ တစ်ခုခုကိုစဥ်းစားနေလိုက်သည်

ဘာလိုလိုနဲ့နောက်လဆို ဆိုးလ်တတ်ရပြီပဲ
အဖေက ရုံးခွဲကနေ ဆိုးလ်ရုံးချုပ်ကို ရာထူးတတ်သွားတာမို့ တစ်မိသားစုလုံးပြောင်းရမည့်ပုံ

ဒီကျောင်းလေးကိုသူသံယောဇဥ်ရှိပါသည်
ကျောင်းသွားကျောင်းပြန်လမ်းလေးရယ်
ကားမှတ်တိုင်လေးရယ်
အားလုံးအားလုံးကိုသံယောဇဥ်ရှိပါသည်

"ဟင်းး..... "

"ဟို နေရခတ်လို့လားဟင် ကျွန်မနေရာပြောင်းပေးရမလား"

"အာ မဟုတ်တာ အကြောင်းတစ်ခုတွေးမိလို့ပါ.... အားရုံမထားပါနဲ့"

"ဟုတ် "

သူ့ထက်ငယ်မည့်ပုံပေါ်သောသူမအား ပြောရင်း ရင်ဘက်နာမည်ကတ်ကိုကြည့်တော့
ဘတ်နမ်ဟီးတဲ့

သူမလေ့လာနေတဲ့အရာကိုကြည့်မိတော့

အင်း..ဟိုကောင်လေးနဲ့အတူတူပါပဲလား
Piano ကိုနှစ်သက်ပုံရသည် သူမဟာ လက်ချောင်းလေးများဖြင့် လက်ကွက်တီးကြည့်လိုက် ကော်ဖီအေးကိုငုံ့သောက်လိုက်ဖြင့်

ထိုစဥ် အာရုံကိုပြတ်စေသော ဖုန်းသံဟာ ဂျောင်ဂုဖုန်းထက်ထွက်ပေါ်လာလေသည်မို့ ထိုနေရာကထွက်ကာ ဖုန်းကိုင်လိုက်သည်

"အွန်းအမေ"

"သားလေး... ပြန်လာရင်လမ်းရှေ့ကုန်ဆုံဆိုင်က အစိမ်းမှုန့်ဝယ်ခဲ့ အမေတို့ဂင်မ်ချီကုန်တော့မယ်"

Miss You More Than(M. Y. M. T)Where stories live. Discover now