အခန်း၁၈(U+Z)

36.6K 807 22
                                    


" လာပါပြီ...သတို့သားလောင်းကြီး... "

ခြံစည်းရိုးဘေးက လျှောက်လာသော စည်းခြားကို မြင်တယ်ဆို သူငယ်ချင်းတွေက နောက်ကြတော့သည်။ ဝိုင်းစ နေတုန်းကတော့ ဘူးခံငြင်းနေပြီး အခုချက်ချင်း မင်္ဂလာဆောင်ဖြစ်မှာဆိုတဲ့ သူငယ်ချင်းကို အောင်ဦးတို့ အံဩပြီးရင်း မကျေမနပ်ဖြစ်ရသည်။ သူ့အလှည့်ကြတော့ ဖုံးလိုက်ဖိလိုက်တာ လွန်ရော။  မိဘတွေသဘောတူလို့ လက်ထပ်ကြမှာ ပြောပေမဲ့ ကိုယ်သူငယ်ချင်းအကြောင်း သူတို့ မသိဘဲနေမလား၊ စိတ်မပါရင် မျက်လုံးတောင် စွေမကြည့်တက်တဲ့ သူမျိုးဖြစ်သည်။အခုကိစ္စလည်း ဒီကောင် ရင်ခုန်ပြီး ဆရာမလေးကို ချစ်နေလို့ တောင်းရမ်းခိုင်းမှန်း သူတို့ ရိပ်မိပါ သည်။

"ဟေ့ရောင်... လက်သမားဆရာ ဘယ် ရောက်သွားလဲကွ "

စည်းခြားသည် အငွေ့တလူလူထနေသော
စီးကရက်ကို လက်ကြားညှပ်လာ ပြီး တစ်ချက် ဖွာလိုက်ကာ မေးလိုက်သည်။ သူ့မြင်တာနဲ့ စချင်နေသော သကောင့်သားတွေ၏ မျက်နှာကို သတိထားမိပေမဲ့  မသိချင်ယောင်ဆောင်ထား၏။

''လက်သမားဆရာက အရေးမကြီးပါဘူး၊
တို့မေးတိုင်း မျက်နှာကြီးနီနေတဲ့ ကိစ္စကို
အရင်ရှင်း''

''မိုးမလင်းသေးဘူး၊ လုပ်ပြီ''

စည်းခြား၏ ရှုတီတီပုံစံကိုကြည့်ပြီး ဝိုင်းရယ်ကြပြန်၏။

''အေးပါ...ရှက်နေပေမဲ့ ပီတဖြစ်နေတာသိတယ်...လက်သွက်ချက်ကတော့ ''

''ဘုန်းနဲ့ကံနဲ့ကွ...ဘာကို လက်သွက်ရမှာလဲ''

အောင်ဦးတို့ စသမျှကို ပြန်ချေပတာ ခပ်တည်တည်ပင်။နှောင်း ရန်ကုန်ကို ပြန်သွားတာ ဒီနေ့ဆို ၆ရက် ရှိပြီ။သူမလေး ပြန်သွားတည်းက အိမ်၏ နောက်အခန်း၏ ကပ်ရပ်မှာပဲ ထပ်ချဲ့ဖို့ပြင်နေတာဖြစ်၏။လာဝိုင်းလုပ်ကြတဲ့ သူငယ်ချင်းတွေနဲ့ မနက်တိုင်းစည်းကားနေ၏။

''လက်သမားဆရာမေးနေတာ..ငါနည်းနည်းပြောစရာရှိလို့''

"မျိုးမင်းနဲ့ ပစ္စည်းသွားဝယ်တယ်...ဘာပြောမလို့လဲ...မင်းက "

"အထဲမှာ ခင်းမဲ့ ကြွေပြားကိစ္စ မေးမလို့၊
နှောင်းကြိုက်တဲ့အရောင်ခင်းခိုင်းမလားလို့၊ပြီးတော့ အေးတဲ့ကြွေပြားပေါ့"

မိုးယံမှသည် ချစ်သူဆီသို့(ongoing)Место, где живут истории. Откройте их для себя