မနက်စောစောထကာ ရေချိုးအဝတ်လဲပီး မနက်စာ အတွက် ကော်ဖီဖျော်ပီး ပေါင်မုန့်ချပ်လေးတွေကို စတော်ဘယ်ရီယိုသုတ်ထားလိုက်တယ်
ပါးနဲ့မားကတော့ လော့ယန်ကို စောစောလေးထွက်သွားကြလေရဲ့ လော့ယန်က မိဘမဲ့ဂေဟာမှာ မားက အလှူလုပ်ချင်တဲ့ဆန္ဒရှိတာမို့ ပါးကအလုပ်နားကာ လိုက်ပို့ပေးခြင်းဖြစ်တယ် မားက သိပ်ကံကောင်းတဲ့အမျိုးသမီးပဲ ပါးက သိပ်ချစ်တာလေ
မောင်ကလဲ ရိပေါ်ကိုချစ်ပေးရင် ကောင်းမှာပဲ ခုတော့ချစ်လားမချစ်လားမသိ မောင့်ရဲ့ဆန္ဒတေအတွက် ဖြည့်ဆည်းပေးရတာနဲ့တင် ကျေနပ်ပါတယ် ဘာကိုဂရုစိုက်ရမှာလဲ မောင်မချစ်လဲ ရိပေါ်က ချစ်ပေးမှာပဲကို
သင်တန်းသွားဖို့အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပီးတာနဲ့ မောင့်ကိုနှိုးဖို့အတွက် အပေါ်ကိုပြန်တက်လာလိုက်တယ်
"မောင့် ထတော့နော် အလုပ်သွားရမှာမလား ပါးလဲရှိတာမဟုတ်ဘူး ကုမ္ပဏီမှာက"
"ခနလေးပဲ ထပ်အိပ်မယ်လေကွာ "
"မောင်ကလဲ ထပါတော့ဆို ငါတောင်သင်တန်းသွားဖို့ပြင်ပီးနေပီ"
ထိုအခါမှ မျက်လုံးက ဇတ်ခနဲ့ပွင့်လာကာ
"ရှုပ်ရှုပ်ယှက်ယှက်တေ မကြားချင်ဘူးနော် ဝမ်ရိပေါ် သင်တန်းဆိုပီး ခြေရှုပ်မနေနဲ့"
"ရော် မောင်က ဘာတေတွေးနေတာလဲ ငါဘာမှမလုပ်ပါဘူး"
"ပီးသာပဲ ကျုပ်က ကြိုပြောထားတာ ခဗျားဘာသာ ပလူးချင်တဲ့လူနဲ့ ပလူးပီး နောက်မှကျုပ်ကို နွားဖားကြိုးထိုးမှာဆိုးလို့"
"မောင့် မစော်ကားပါနဲ့ ငါ့ကိုယ်ကျင့်တရားကို လွန်မလာနဲ့မောင် စကားတေက"
"ကျုပ်ကိုပြန်ပြောနေတာလား!"
မောင်က အော်လိုက်တာကြောင့် ရိပေါ်အတော်လန့်သွားတယ် ဒီအချိန်မှာ မောင်သာတစ်ခုခုလုပ််မယ်ဆို ရိပေါ်ကို ကယ်မဲ့လူမရှိ ပါးနဲ့မားလဲမရှိတော့ ရိပေါ်ကူကယ်ရာမဲ့
"မောင့် ငါ..ငါ..ပြန်ပြောတာမဟုတ်ရပါဘူး"
မောင်က ဒေါသတကြီးနဲ့ ရှေ့ကိုတလှမ်းခြင်းတိုးလာတဲ့ အတွက်ကြောင့် ရိပေါ်ရဲ့ကိုယ်လုံးလေးမှာ တုန်ယင်စွာနှင့် နံရံမှာကပ်လျက်....