"အုပ်လေးလိုက်ပို့မှာဆိုတော့ အထွေအထူးမှာစရာတော့မရှိပါဘူး...
ခုံတွေကိုတော့ အုပ်လေးကိုမေးပြီးတုတ်တုတ်တစ်စီးနဲ့ တင်ပေးလိုက်ပေါ့...""ဟုတ်ကဲ့ ဆရာမကြီး..."
"အကယ်၍ငွေလိုရင်လည်း ဆရာ့ခဏစိုက်ခဲ့ပေးပါ...
ပြန်လာတော့ကျွန်မပြန်ပေးပါမယ်...""ရပါတယ် ဆရာမကြီး..."
"အဲ့တာဆိုသွားတော့ နောက်ကျနေရင်နေပူနေမှာစိုးလို့..."
နေဝန်းဆရာမကြီးကိုနှုတ်ဆက်ပြီးကျောင်းရုံးခန်းထဲကထွက်လာခဲ့သည်။ သူကိုင်နေကျအိတ်လေးကလည်းမပါမဖြစ်လေ...
ကျောင်းရှေ့ရောက်တော့ အုပ်လေးကရောက်နေပြီလေ။ အရင်စီးနေကျဆိုင်ကယ်မဟုတ်ဘဲ clickဘီးနဲ့မို့ နေဝန်းခဏတော့ကြောင်ကြည့်နေမိသည်။ ပုံစံကလည်းအရင်ကမြင်နေကျနဲ့မတူစွာ သပ်ရပ်ပြီးခန့်နေသည်။
ကျောင်းဆရာကိုမြင်တော့ အုပ်လေးကဆိုင်ကယ်ဦးထုပ်ကိုယူကာကိုင်ထားသည်။
"အုပ်လေးရောက်နေတာကြာပြီလား..."
"သိပ်မကြာသေးဘူး..."
ကျောင်းဆရာရဲ့တကိုယ်လုံးကိုခြုံကြည့်ပြီး အုပ်လေးကဖြေလာသည်။ ၂ယောက်ကတိုက်ထားစရာမလိုအောင် နက်ပြာအကွက်အင်္ကျီကိုဝတ်ထားကြသည်။ အကွက်အနေအထားပဲကွာမယ် အရောင်ကတော့နက်ပြာရောင်ပင်။
"ကျောင်းဆရာ ဦးထုပ်ဆောင်းဦး..."
"ခဏ အုပ်လေး ဒါလေးကိုင်ထားပေးပါဦး...
ပုဆိုးကဝတ်ထားတာခါးချောင်းနေလို့ ပြင်ဝတ်ဦးမယ်..."အုပ်လေးကိုအိတ်ကမ်းပေးပြီး အုပ်လေးနဲ့မလှမ်းမကမ်းမှာ ပုဆိုးကိုလှည့်ဝတ်နေသည်။ မရည်ရွယ်မိဘဲလှည့်ကြည့်မိလိုက်တဲ့အချိန် အမှတ်မထင်မြင်တွေ့လိုက်ရတာက နက်ပြာရောင်boxerပါပဲ။ ကျောင်းဆရာကနက်ပြာအရမ်းကြိုက်တဲ့သူပဲ....
ပုဆိုးကိုပြင်ဝတ်ပြီးသည်နှင့် သူ့ဆီကအိတ်နဲ့ဆိုင်ကယ်ဦးထုပ်ကိုလှမ်းယူသည်။
"ဒီနေ့clickဘီးနဲ့ဆိုတော့လူတောင်မှားသွားတယ်..."
"ဟုတ်လား အဟင်း......"
YOU ARE READING
ကန့်သတ်ထားသည့်နယ်နိမိတ်စည်းမျဉ်းကိုကျော်လွန်၍
Romanceရွာ၂ရွာကြား ချောင်းကလေးကစည်းခြားထားသလို ကျွန်တော်တို့၂ယောက်ကြားမှာလည်းစည်းတချို့ကခြားထားသည်လေ.... ဒါပေမယ့် ရွာ၂ရွာကိုဆက်သွယ်ဖို့တံတားလေးတည်ဆောက်ထားလို့ချောင်းကိုကျော်ဖြတ်နိုင်ခဲ့ပြီ။ ကျွန်တော်၂ယောက်ကြားမှာလည်းစည်းတွေကိုကျော်ဖြတ်နိုင်ဖို့ အချစ်ဆိုတဲ့...