༎Unicode༎

1.7K 136 46
                                    

>>>>>>>•••••<<<<<<<

ညလေပြည်သည် တသုန်သုန်ဖြင့်နော့နေဆဲ။
လေးရူးသုန်တော့ နွေညက အတန်ငယ်ချမ်းအေးနေဟန်ရှိသည်။

ဆိတ်ငြိမ်သည့်ညဦးပိုင်းသည် နယူးယော့ခ်မြို့၏ လမ်းကြားများ၌ မင်းမူနေသည်။
ညစ်ပတ်ပေရေနေသည့် လမ်းကြားတွင် လူသွားလူလာကျဲ‌နေ၏။ သည်လိုလမ်းတွေက လူစည်နေတတ်တာမျိုးမှမဟုတ်ဘဲ။ ဟိုတစ်စုသည်တစ်စုနဲ့ တရားမ၀င်ဆေး‌ဝါးတွေ လဲလှယ်နေတဲ့လူ‌တွေ၊ လာသမျှလူ လက်တွဲကူချင်ဟန်ဖြင့် ဆွဲလားရမ်းလား ညငှက်မလေးတွေ၊ သူ့လိုပျက်စီးစုတ်ပဲ့နေသည့် အညွှန်းတုံးလူငယ်တွေနဲ့မို့ လမ်းကြားလေးက အထီးကျန်မဆန်ချေ။

ဆေးလိပ်ကိုလက်ကြားညှပ်ကာ သူ့အားလာရောက်မြှူဆွယ်နေသည့် မိန်းမရွှင်ကို ခပ်ထေ့ထေ့ကြည့်မိသည်။ ကိုယ်ပေါ်မှာ အင်္ကျီနဲ့တူတာဆိုလို့ မို့မောက်နေသည့်ရွှေရင်ပေါ်က အ၀တ်ပါးတစ်ပိုင်းတစ်စနှင့် တစ်ထွာလောက်တောင်မရှိနိုင်သည့် ဘောင်းဘီအတိုပြတ်ကလေးသာရှိလေသည်။

ဘာလဲ၊ သူ့ပုံစံက သူမကိုငွေပေါက်ပြီးတစ်ညလောက်ခေါ်အိပ်နိုင်မယ့် အခြေအနေလို့များထင်နေသလား။ မှောင်ရီနေသည့် လမ်းကြားထဲ၌ တစ်လုဲးစနှစ်လုံးစပြိုးပြက်နေသော မီးရောင်အချို့ကြောင့် အရှေ့ကမိန်းမ၏ ပုံစံကိုဝိုးတဝါးခန့်မှန်း၍ရသည်။

"leave me alone!!"

ခပ်ပြတ်ပြတ်ငေါက်မိတော့ ဆိုးဆေးအနီဖြင့် ရင့်ထော်နေသည့်နှုတ်ခမ်းနီနီကိုမဲ့ရွဲ့ကာဖြင့် လယ်ခလယ်ထောင်ပြရင်း...

"F**k you!! asshole"

အံမယ်!ဘလိုင်းကြီးပါလား၊ သူကပဲပြောရတယ်ရှိသေး။ ခပ်ဟဟသာရယ်လိုက်မိသည်။ လက်ထဲမှမီးညှိပြီးသား ဆေးလိပ်ကို နှုတ်ခမ်းထက်တေ့၍ မျက်နှာချင်းဆိုင် နံရံမဲမဲကိုသာ စိုက်‌ကြည့်နေမိသည်။ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့တွေကြား စိတ်ပျက်စရာ၊ အားငယ်စရာတွေ ပါသွားရင်အကောင်းသား။
တစ်သက်နဲ့တစ်ကိုယ် ဒီလိုစုတ်တီးစုတ်ပဲ့သတ္တဝါကလေးတစ်ကောင်ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးချေ။

༎Be mine༎{One Short}Where stories live. Discover now