Ep 10
Uni+Zaw
အသက်ရှုရပ်မတတ်ပြေးလွှားရင်း ခန္ဓာကိုယ်အနှံ့လာရောက်ထိုးစိုက်သော ဆူးချွန်များကြောင့် လဲကျရသည်မှာ အကြိမ်ကြိမ်အခါခါ။လဲကျလိုက်တိုင်း ဒေါင်းလွမ်းဏီသည်ခန္ဓာကိုယ်တစ်ခုလုံးရှိအင်အားကိုစုပြီး မနည်းပြန်ထရသည်။ယိုင်တိယိုင်တိုင်နှင့် ခြေလှမ်းလေးငါးလှမ်းလောက် လှမ်းပြီးချိန်နောက်တစ်ကြိမ်ပြန်လည်စိုက်ဝင်လာသော ဆူးချွန်များကြောင့် လဲကျရပြန်၏။ဒီလိုနှင့် လဲကျလိုက်၊ ပြန်ထလိုက် သံသရာလည်နေသည်မှာ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါမှန်းပင်မသိတော့။
ကြာတော့ ဒေါင်းလွမ်းဏီမခံစားနိုင်တော့။ဒီတစ်ကြိမ် ထိုးစိုက်လာသောဆူးချွန်များ၏နက်ရှိူင်းမှုတွင် ဒေါင်းလွမ်းဏီပြန်မထနိုင်တော့ချေ။
" အမေ.... "
" အမေ သားကိုကယ်ပါဦး "
ဒေါင်းလွမ်းဏီသည် စိတ်ဓာတ်မာကျောသော ယောက်ျားတစ်ယောက်ဖြစ်သော်ငြား နာကျင်မှုကြောင့် အားကိုးရာမဲ့စွာ မျက်ရည်များစီးကျလာသည်။တစ်ကိုယ်လုံးရှိ ပွန်းပဲ့စုတ်ပြတ်ဒဏ်ရာများကြောင့် သွေးထွက်လွန်နေပြီး အသိစိတ်ရေးတေးတေး သာရှိတော့သည်။ထို့နောက် သူ့အသိအာရုံထဲတွင် အမေတစ်ခု၊ သားတစ်ခု အတူနေခဲ့ကြသော ရွာကအိမ်ကလေးကိုမြင်ယောင်မိသည်။အေးချမ်းချိုသာသော အမေ့စကားသံများကိုကြားယောင်မိသည်။
နောက်ပြီး..... ရင်းခက်။ညီမလေးတစ်ယောက်လိုရော ကိုယ့်လက်တွဲဖော်ဇနီးတစ်ယောက်လိုပါ ချစ်ရသည့် ရင်းခက်ကိုလွမ်းဆွတ်တမ်းတမိသည်။
အမေရယ်၊ သူရယ်၊ ရင်းခက်ရယ် အိမ်လေးထဲတွင်ပြောမကုန်သောစကားများနှင့် ရယ်မောနေကြသည်။
အသိအာရုံတို့တဖြေးဖြေး ဝေဝါးလာမှုနှင့်အတူ မျက်လုံးတို့ မှိတ်ကျသွားပေမယ့် မျက်ရည်များသည် ပါးပြင်ထက်စိုရွှဲနေဆဲဖြစ်သည်။ထို့နောက် သူ့ကိုယ်အား တစ်စုံတစ်ဦးကပွေ့ချီယူလိုက်သည်ကို ခံစားရပြီးနောက် ဒေါင်းလွမ်းဏီ သတိမေ့မြောသွားသည်။
××××××××××××××××
ပြန်လည်သတိရလာချိန်တွင် ရင်းနှင်းပြီးသားဖြစ်သော မျက်နှာကြက်မြင်ကွင်းက ဒေါင်းလွမ်းဏီအားဆီးကြို၏။ဒီတော့ သခင်ကြီးလက်ထဲဖမ်းမိပြီး မြေအောက်ခန်းထဲပဲပြန်ရောက်လာသည်ပေါ့။ ဒီလောက် ကြိုးစားခဲ့တာကိုတောင်မှလေ......။သေလောက်အောင်ထိ နာကျင်မှုတွေကိုကြိတ်မှိတ်သည်းခံပြီး ခြေထောက်နှစ်ဖက်ပြုတ်ထွက်လုမတတ် ပြေးခဲ့တာတောင်မှ မလွတ်မြောက်နိုင်ခဲ့ဘူးလား။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...