8(end)

361 38 6
                                    

#unicode

ဟယ်ရှုသည် သတိပြန်ရလာချိန်တွင် သူ့တွင် ကိုယ်ထည်မရှိတော့ကြောင်းတွေ့ရှိလိုက်ရသည်။ သူ ယခင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားလိုက်ပြီး စုချင်းယန်၏သေဆုံးမှုကို သူသိလိုက်ရသည်။ သူပြိုလဲသွားခဲ့ပြီး ငိုကြွေးခဲ့သည်။ 

သူ ဝရံတာတွင် ထိုင်နေခဲ့ပြီး ကြယ်ကြွေသည်ကိုတောင် ဆုတောင်းနေလိုက်မိသည်။ စုချင်းယန်လေး အသက်ရှင်နိုင်နေသ၍ သူဘယ်လိုတန်ကြေးမျိုးမဆို ပေးရန်ဆန္ဒရှိသည်။ သူ တစ္ဆေတစ်ကောင် ဖြစ်ရမည်ပဲဖြစ်စေ၊ ဆယ်ကြိမ်၊ အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်း ကြိုးစားရမည်ပဲဖြစ်စေ အဆင်ပြေသည်။ သူ စုချင်းယန် အသက်ရှင်ဖို့ကိုသာ လိုချင်သည်။

ဟယ်ရှု၏ဆန္ဒမှာ အမှန်တကယ်ဖြစ်လာခဲ့သည်။ သူက စုချင်းယန်၏စိတ်ထဲရှိ စုချင်းယန်နှင့် မသက်ဆိုင်သည့် အသိစိတ်လေးတစ်ခုဖြစ်လာခဲ့သည်။ ပထမဆုံးညတွင် စုချင်းယန်ကနိုးလာခဲံသည်။ စုချင်းယန်၏မျက်နှာကို ကြည့်ရင်း ဟယ်ရှုက ရုတ်တရတ် သူ့ကို ကျီဆယ်ချင်လာရသည်။

[ဟေး၊ ဘာမှမပြောနဲ့။]

[မင်းရဲ့ မျက်လုံးလေးတွေကို ဖွင့်ပြီး ကိုယ်ဘယ်မှာလဲ ရှာကြည့်။ ဘယ်ဘက်ကို ကြည့်၊ ညာဘက်ကိုကြည့်၊ အပေါ်ကိုကြည့်၊ ပြီးရင် အောက်ကိုကြည့်။ ကိုယ့်ကိုမမြင်ရဘူးလား။ ဒါပေမယ့် ကိုယ်ကတော့ မင်းကိုမြင်ရတယ်။ အခု ကိုယ်မင်းကို တွေ့နေရပြီး မင်းနဲ့ စကားပြောချင်နေတယ်။]

[မကြောက်ပါနဲ့ကွာ။ ကိုယ်က ထူဆန်းတဲ့အရာမဟုတ်ပါဘူး။ မင်းတစ်ယောက်ပဲ ကိုယ့်အသံကိုကြားနိုင်တာ။ ပြီးတော့ ကိုယ်မင်းကိုနာကျင်စေမှာမဟုတ်ဘူး။]

စုချင်းယန်မကြောက်မှန်းသူသိသည်။  သေချာသလောက်၊ ပထမဆုံးကမ္ဘာမှာသာ စုချင်းယန်က သေရမှာကြောက်နေတာဖြစ်သည်။

သူ့ကိုတွေ့နေရတာကောင်းလိုက်တာဟု ဟယ်ရှုတွေးနေမိသည်။

စုချင်းယန်က စကားပြောလာပြီး သူဘယ်သူဖြစ်ကြောင်းမေးလေသည်။ ဟယ်ရှုက တခဏမျှတွေးတောလိုက်ပြီး သူ့ကို တိုက်ရိုက်မပြောလိုက်နိုင်ကြောင်းခံစားလိုက်ရလေသည်။ ထို့ကြောင့် သူက ကျပန်းနာမည်တစ်ခုပြုလုပ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 16, 2023 ⏰

Add this story to your Library to get notified about new parts!

4:48(mm trans)(Complete)Where stories live. Discover now