အပိုင်း တစ်
သင်တန်းတခုထဲတွင်ဖြစ်သည်။
သက်ဆိုင်ရာဆရာမှ သင်ကြားသောအရာများကိုပို့ချနေစဥ် သင်တန်းတံခါး၀ ပွင့်လာကာ
ကောင်မလေးတယောက် ခြေဖွပီး၀င်လာသည်။"ဒုန်း...."
"အ..."
မသိအောင်တိုးတိုးတိတ်တိတ် ၀င်လာကာမှ ခုံစောင်း
နှင့်တိုက်မိကာ...တခန်းလုံးသိသွားရသည့်အဖြစ်။
မေချယ် ပြုံးတုံတုံလေးလုပ်ကာ အနီးနားရှိ
စားပွဲတွင်သာ ၀င်ထိုင်လိုက်သည်။
ပီးမှ ဘာစာအုပ်ထုတ်ရမှန်းမသိသောကြောင့်..
ဘေးကလူကို မေးရန်ဟန်ပြင်လိုက်သည်။ဘေးကလူကခပ်တည်တည်ကြီးနှင့်သူ့ကိုလဲမကြည့်
စကားစဖို့ဝေလာဝေး။
မေချယ်တိုးတိုးလေးကပ်ကာ....."ဘာစာအုပ်ထုတ်ရမှာလဲဟင်..."
ဟုတိုးတိုးလေးကပ်ပြောကြည့်လိုက်သည်။
ထိုလူက မျက်လုံးစိမ်းများနှင့်လှည့်ကာကြည့်လိုက်သောကြောင့် မေချယ် လန့်သွားကာ...."ဟုတ်ကဲ့ရပါတယ်..."
ဟုခေါင်းညိတ်ပြကာ ဆရာပြောသမျှကိုသာအာရုံ
စိုက်လိုက်လေသည်။
မေချယ်ရောက်ပီး ငါးမိနစ် ဆယ်မိနစ်လောက်နေတော့ သူမ ဘာသင်ကြားနေရတာဆိုတာကို
ကောင်းကောင်းနားလည်သွားလေသည်။
သို့နှင့် တနာရီခွဲကျော်ကြာသော သင်တန်းအား
စိတ်ပါဝင်စားစွာ လေ့လာသင်ယူနေတော့သည်။-----------------------------
frick ဖရစ် ဒီနေ့ အတန်းလာစတက်သော
ကောင်မလေးအား ကြည့်ကာ ရယ်ချင်ပေမယ့်
အောင့်ထားရသည်။
အရပ်ပုပု မျက်မှန်လေးနှင့် ပုံစံလေးကအူကြောင်ကြောင်လေးနှင့်ချစ်ဖို့ကောင်းသည်ဟု မြင်မိလေသည်။
သူမလာထိုင်ပီး ဘာစာကြည့်ရမှန်းမသိပဲ သူ့ကိုလာမေးတုန်းကလဲ ပြန်ဖြေဖို့လှည့်ကြည့်ပေမယ့်
သူ့ဘာသူ ...ရပါတယ် ဆိုပီး ပြန်လှည့်သွားတာလေးကလဲအူကြောင်ကြောင် နိုင်ပီး ချစ်ဖို့ကောင်းလှလေသည်။
ဖရစ် ...ကောင်မလေးအကြောင်းတွေးနေစဥ် သူမ အခန်းထဲက ထွက်လာတာကိုလှမ်း မြင်လိုက်သည်။