Part (2) (နယ်က တတ်လာတဲ့ကောင်က ငပွေး)

157 18 0
                                    

Zawgyi

" မိုင်လိုလေး "

" မမတိမ်လွှာ ကျွန်တော်က သတိရနေတာ "

အရပ်ရှည်ကာထွားလာသည့် မောင်ဖြစ်သူကိုကြည့်ရင်း တိမ်လွှာပီတိဖြစ်နေမိသည်။ ပါးဖောင်းဖောင်းလေးက ငယ်ငယ်ကလို ရဲမနေတော့ပေ။ ကလေးငယ်လေးအဖြစ်ကနေ လူငယ်လေးအဖြစ်ပြောင်းလဲသွားသော အချိန်ကာလသည် အရမ်းကိုမြန်ဆန်နေသလိုမျိုး။ မိုင်လို့အနောက်မှာရပ်နေသည့် ခွန်းစစ်မင်းယာက ခေါင်းငြိမ့်ပြသည်။ ခွန်းစစ်မင်းယာ၏ စိတ်ရှည်မှုကိုတော့ တိမ်လွှာလက်ဖျားခါသည်။ မောင်ဖြစ်သူကို နှစ်တွေအကြာကြီး စောင့်နိုင်တာလည်း အံ့သြမိပါသည်။

ဒါပေမယ့် အခုလန်ဒန်ကနေအတူပြန်လာကြတဲ့နှစ်ယောက်က နည်းနည်းစိမ်းသက်နေသလိုမျိုး။ သူတို့နှစ်ယောက်ကြားမှာတစ်ခုခုဖြစ်နေသလိုတိမ်လွှာခံစားရ၏။ လန်ဒန်က ကလပ်ကိုရောက်နေတဲ့ မိုင်လို့အကြောင်း ကြားပြီးတည်းက သူတို့ပြသာနာမတတ်ဖို့ဆုတောင်းနေခဲ့တာ။ ကြည့်ရတာ တကယ်ပြသာနာတတ်ခဲ့တဲ့ပုံဖြစ်သည်။ ခွန်းစစ်မင်းယာက မောင်ဖြစ်သူကို တိမ်လွှာတို့ထက်တောင် အလိုလိုက်တတ်တဲ့သူဆိုတော့ အခုနှစ်ယောက်သား အဆင်မပြေကြတာကို ဘယ်လိုကြားဝင်ဖြေရှင်းပေးရမယ်မသိ။

" လဝန်းကောင်းကင်ရော "

" ဝန်းက သူ့ဘွားဘွားကြီးနဲ့ ကျန်ခဲ့တယ် ၊ မင်းပြန်လာမယ်ဆိုတော့ ဝန်းလေးက ပျော်နေတာလေ "

" သြော် ဒါဆို မမအိမ်မှာ လိုက်နေမယ်နော် "

တိမ်လွှာက မျက်လုံးပြူးလို့ စစ်ကိုကြည့်လိုက်သည်။ စစ်မျက်နှာက ခပ်တင်းတင်းဖြစ်သည်။ မောင်ငယ်ကလည်း မျက်နှာကြောကိုတစ်စက်မှမလျော့။ ကိုကောင်းကိုအားကိုးသလိုမော့ကြည့်တော့ ပိုတောင်ဆိုးသေးတယ်။ ဒီလူကြီးကို တိမ်လွှာဘာလို့ကြိုက်ခဲ့မိမှန်းကိုမသိတာ။ တိမ်လွှာမျက်စောင်းပစ်ထိုးတော့ ကောင်းကင်ပြာက မိန်းမဖြစ်သူကိုချော့သလို ငုံ့နမ်းသည်။

" မင်းမှာအိမ်မရှိလို့လား ၊ လင်းမောင် သူ့အိတ်တွေသယ်သွား "

" မမအိမ်က ကျွန်တော့်အိမ်ပဲလေ ယာယာနဲ့မလိုက်ချင်ပါဘူး ၊ ကိုလင်းမောင် အိတ်တွေကို မမတို့ကားပေါ်တင်ပေး "

MILL'S (Ongoing)Where stories live. Discover now