အုံ့အုံ့မှိုင်းမှိုင်းဖြစ်နေတဲ့ရာသီဥတု....
မိုးတိမ်တောင်တို့က တောင်တစ်လုံးအလားထူထပ်စွာတည်ရှိသည်မို့..သူရိယရဲ့အလင်းတန်းတို့ဖြတ်ဖောက်ဖို့မစွမ်းသာပေတိတ်ဆိတ်မှုကိုသဘောကျတဲ့ Haruto တစ်ယောက် ကျောင်းဆောင်ကြီးရှေ့က ခုံတန်းငယ်မှာထိုင်ရင်း ...ရှားရှားပါးပါးကျေရာက်နေတဲ့နေရောင်ေလးကိုခံစားနေမိသည်
"အတန်းခေါင်းဆောင် အတန်းခေါင်းဆောင်!!"
ခေါ်နဲ့အတူ အနားကိုအပြေးအလွှားရောက်လာတဲ့ Jeongwoo....
"ဘာဖြစ်လို့လဲ Jeongwoo..?"
"Park... Park Jihoonထပ်ပီး ...အနိုင်ကျင့်ပြန်ပီ"
ပြေးလာတာကြောင့် ခါးထောက်ရင်း အမောတကောပြောနေတဲ့ Jeongwooကို
"ထပ်ပီးလား? ဘယ်သူ့ကိုလဲ?"
"Minjun"
"လာလာ မြန်မြန်သွားရအောင်"Harutoဆွဲခေါ်သွားတာေကြာင့် Jeongwooခမျာ အေဆာင်လေးထပ်ကို ပြေးတက်ရပြန်သည်....
"Ya! Park Jihoon မင်းရပ်လိုက်"
"အော် အတန်းခေါင်းဆောင် အန်းညော်"အန်းညော်နေတဲ့ Jihoonကြောင့် Harutoသွေးဆောင့်တက်သွားသလိုခံစားလိုက်ရ၏...
Harutoဘက်ကိုလှည့်ပီးစကားပြောနေပေမဲ့ minjunအပေါ်သွန်လောင်းနေတဲ့ လိမ္မောရည်တို့က အဆက်မပြတ်..."မင်းငါ့ကိုရပ်လို့ပြောနေတယ်နော်"
"Sorry မင်းဘာပြောတုန်းနားမလည်လိုက်ဘူး( in Japanese)"
"Park Jihoon!!!"
အချိုရည်ဘူးကိုဆွဲလုအမှိုက်ပုံးထဲပစ်ထည့်လိုက်ပါ၏..ထိုလူသားကတော့အထီမဲ့မြင်အပြုံးကိုသာချိတ်ဆွဲလျှက်....
"မင်းငါ့ကိုသဘောကျနေတာလား?"
"သဘောကျတယ် ?ငါကရူးနေလို့ မင်းကိုသဘောကျရမှာလား Park Jihoonရဲ့"
"အော် ဒါမဲ့ attentionက ရှယ်ရှာတာပဲ"
"တောက်* ငါက အတန်းခေါင်းဆောင်လေ!!"
"အာ့တာဆိုလဲ တာဝန်ကျေလိုက်ပါအုံး အတန်းခေါင်းဆောင်လေး..."
ပြောရင်း Harutoပုခုံးကိုတိုက်ကာ အခန်းပြင်ထွက်သွားသည်...ထွက်သွားတဲ့သူကိုကြည့်ကာ Harutoကို ဆံပင်တွေကိုဖွကာ ဒေါသပုံချလိုက်ရသည်...
"Minjuna အဆင်ပြေရဲ့လား"
"ပြေတာကပြေပေမဲ့ ငါအဝတ်လဲမှဖြစ်မယ်ထင်တယ်.."
" PE ဝတ်စုံရှိတယ်မလား?"
"အွန်း ရှိတယ်"
"သွားလဲလိုက် ဆရာ့ကို ငါပြောထားပေးမယ်"
"ကျေးဇူးပဲ အတန်းခေါင်းဆောင်"