ကြည်သာတဲ့မနက်ခင်းမို့ banana milk ဘူးကိုစုပ်သောက်ရင်း ပေါ့ပါး စွာ လမ်းလျှောက်နေမိသည့် Haruto ရဲ့စိတ်တွေက တစ်စုံတစ်ယောက်ကြောင့် ညစ်ညူးသွားရသည်...
ပုခုံးကိုလာဖက်တဲ့တစ်စုံတစ်ယောက်...သူကတော့အတိအကျကို Park Jihoon ရယ်ပါလေ..."လွှတ်"
"လွှတ်ပါဘူး ဆောန်ဆယ်နင်မ်း(선생님/ဆရာ) ကလဲ"
"Park Jihoon!!"တိုးတိုးကြိတ်ကြိတ်ခေါ်မိတော့...
"အဲ့လိုလေးတွေမခေါ်နဲ့ကွာ အသဲယားလွန်းလို့ဖက်နမ်းမိရင် တာဝန်မယူဘူးနော်!"
"ya!"Jihoon က ဖွဖွရယ်ရင်း ပါးကိုလာဖျစ်သည်...လာဖျစ်သည့်လက်ကိုရိုက်မိတော့...လက်ကိုလာကိုင်သည်...
ရှည်လျားတဲ့ Haruto လက်တွေက Jihoon လက်ဖဝါးကျယ်ထဲမှာေတာ့အံဝင်ခွင်ကျ...
ရုန်းပေမဲ့ လွှတ်မပေးတဲ့လူသားေကြာင့် အနာခံပီးရရုန်းမနေတော့ပဲ အေးရာအေးကြောင်းသာနေလိုက်တော့သည်....
။
။
။
ခနခနရုန်းနေတဲ့လက်ကလေး ကြာေတာ့နာလာတယ်ထင်ပါရဲ့ မရုန်းတော့ပေ...ကိုယ့်လက်ထဲမှာ တည်ရှိနေတဲ့လက်ကလေးကိုကြည့်ကာ ပီတိတို့က တိုးဝင်လာပါရဲ့ ဒီလက်ကလေးကိုတရားဝင်ဆုပ်ကိုင်ခွင့်ရချင်တယ်...ခုလိုအနိုင်ကျင့်ပီးကိုင်တာမဟုတ်ပဲနဲ့...
ကျောင်းရှေ့ရောက်ခါနီးမှာ ကိုင်ထားတဲ့လက်ကိုလွှတ်ပေးလိုက်ပါ၏.... နှလုံးသားငယ်က သဘောကျမှာမဟုတ်လေ...(စဉ်းစားပေးတတ်တာ🥺)
"Ya ...ဒီနေ့မင်းဘယ်သူ့ကိုမှ ထပ်အနိုင်မကျင့်နဲ့နော် Park Jihoon"
လွှတ်ပေးလိုက်သည်နှင့်ပြေးထွက်သွားသောနှလုံးသားငယ် ဘာကြောင့်များ ကိုယ့်စီက အမြဲထွက်ပြေးနေရတာလဲကွာ...
ငေးကြည့်နေရင်း Jihoonသက်ပြင်းချမိပါ၏...စိတ်ရှိတိုင်းသာဆို အတင်းအကြပ်ေဘးနားခေါ်ထားချင်ပေမဲ့...မလုပ်ရက် ...
သန်မာလွန်းတဲ့တောင်ပံနဲ့ငှက်ငယ်လေးကို နှလံုးသားလှောင်အိမ်ထဲမှာထည့်နှောင်ထားရမှာထက် ငှက်ငယ်လေးကိုယ်တိုင်က သူ့ပုခုံးပေါ်လာနားမှာကိုပိုလိုချင်မိသည်
သူ့ရဲ့မျက်နှာတော် တစ်ချက်ညှိုးတိုင်း Jihoon ကမ္ဘာကြီးပြိုလဲသွားမြဲ...