Unicode

267 34 22
                                    

စံအိမ်ကြီးထဲက မျက်ဝန်းပြာသခင်လေးက အိမ်ငှားတွေဆို အမြဲခြောက်လှန့်တတ်တယ်.....။

~~~

"ရောက်ပြီ"
ကားအနက်လေးပေါ်က ဆင်းလာပြီးနောက် ဆိုလိုက်တဲ့စကားတစ်ခွန်း။

ဒီနေရာပဲ...ဒီနေရာ။
ဟန်ယယ်အင်း ဆိုသူ မိန်းကလေးကို မရောက်ရောက်အောင် ဆွဲခေါ်ခဲ့တဲ့ ဒီနေရာ။

ဂျယ်ဂျူကျွန်းရဲ့သစ်တောထဲက ဂင်မျိုးနွယ်စံအိမ်။

"ပုံထဲမှာထက် ပိုလှတာပဲ"

"ဒါနဲ့ဘာလို့ ဈေးပေါပေါနဲ့ငှားပေးတာပါလိမ့် "

စိတ်ပြေလက်ပျောက် နယ်စုံကိုခရီးထွက်ဖို့ ခြေဆန့်လာခဲ့တာ ဒါဟာနောက်ဆုံးနေရာ။
ဒယ်ဂူတို့ ဂန်းဝန်ဒိုတို့မှာ တစ်ရက်လောက်တည်းဖို့အိမ်လေးတွေလိုက်ငှားခဲ့တာ ဒီလောက်ဈေးသင့်တဲ့အိမ် မတွေ့ခဲ့ဖူးဘူး။ တစ်ရက်ထဲတည်းဖို့ နေရာပေါ့။
ခုအိမ်က ဂင်မျိုးနွယ်စံအိမ်တဲ့...လှပတဲ့အဖြူရောင်နှစ်ထပ်တိုက်ကြီးပေါ့၊ သို့ပေမယ့် နေအိမ်ပုံစံနဲ့ အိမ်ငှားခက ဘာမှတောင်ဆိုင်မနေ။
ဒီလိုဆိုတော့လည်း ဂျယ်ဂျူက ဘယ်ဆိုးလှလို့။

တစ်ကိုယ်စာလက်ဆွဲအိတ်လေးတစ်လုံး ကားထဲကချလို့ ဂျယ်ဂျူမြေကြီးပေါ် တစ်ဂျစ်ဂျစ်မြည်အောင် ဆွဲသွားရင်း စံအိမ်ခြံဝန်းထဲကို ဝင်လိုက်တော့တယ်။

**ကျွီ**။
ဖွင့်တုန်းက အသံမမြည်ဘဲ စံအိမ်ထဲရောက်လို့ တံခါးပြန်ပိတ်ခါမှ ထွက်လာတဲ့ တံခါးပိတ်သံကျယ်ကျယ်။

"ကြောက်ဖို့ကောင်းအောင် လာမြည်နေတာပဲ"
ရေရွတ်မိတယ်။

အိမ်ထဲဝင်ဝင်ချင်း တွေ့လိုက်ရတာကတော့ ဧည့်ခန်းပေါ့။ တစ်ရက်တည်းမဟုတ် တစ်သက်လုံးပါ ငှားလိုက်ချင်သွားတယ်။ ရှုပ်ပွနေတဲ့ ကိုယ့်ဧည့်ခန်းနဲ့ လားလားမျှမဆိုင်တဲ့ စံအိမ်ကြီးရဲ့ဧည့်ခန်း။ ဆိုဖာတစ်ဆက်နဲ့ TV ရှိရင်ပဲ ကိုယ့်အတွက် အိုကေနေပြီဟာ ဘေးနားလေးမှာ အနှိပ်ခုံလေးနဲ့ပါဆိုတော့ ပိုပြီးတောင် အိုကေ။ အိပ်ခန်းကို သွားကြည့်တော့လည်း အပြစ်ပြောစရာမရှိ။

ဘေးပတ်ပတ်လည်က သစ်ပင်တွေက အိမ်ကြီးကို ကွယ်နေသလိုဖြစ်တာမို့ နည်းနည်းတော့ကြောက်ဖို့ကောင်းတဲ့ပုံစံပေမယ့် အိမ်အတွင်းပိုင်းကတော့ တကယ်ဆန့်ကျင်ဘက်။

Young Master [Oneshot]Where stories live. Discover now