Coup and Anti-coup Resistance

3 0 0
                                    

Coup ဘယ်လိုစတင်လဲ။ 

အချိန်တိုအတွင်း အလွန်မြန်ဆန်စွာ ပြုလုပ်တယ်။ အစိုးရခေါင်းစီးပိုင်းတွေနဲ့ မီဒီယာတွေ၊ ရုပ်သံတွေကို ထိန်းသိမ်းဖို့ နာရီပိုင်းနဲ့အပြတ် လုပ်ဆောင်တယ်။ Coup ကို သိုဝှက်စွာနဲ့ ကောလဟာလဆန်ဆန် ပြင်ဆင်ကြတယ်။ 

ဘယ်လိုအခါမှာ Coup ဖြစ်ပေါ်တတ်သလဲ။ 

နိုင်ငံတွင်းရှိ နိုင်ငံရေးပါဝါတွေကြား အငြင်းပွားမှု့တွေ ဖြစ်လာတဲ့အခါ ဒီမိုကရေစီလမ်းစဉ်အတိုင်း ဖြေရှင်းနိုင်မယ့် အခြေခံဥပဒေ လုပ်ထုံးလုပ်နည်း မရှိတဲ့နေရာတွေမှာ အဖြစ်များတယ်။ အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အင်စတီကျူးရှင်းများ အားကောင်းပြီး စစ်တပ်နှင့် ဒီမိုကရေစီဆန့်ကျင်သော အင်အားစုများ အားနည်းသော နေရာတွင် coup ဖြစ်ပေါ်ရန် ခက်ခဲသည်။ ဟာမိုနီဖြစ်သော လူထုသည် coup attempt မအောင်မြင်ရခြင်းဧ။် အခြေခံအကြောင်းအရာ ဖြစ်ပြီး။ သံသယနှင့် ခွဲခြားဆက်ဆံမှု များသော လူအဖွဲ့အစည်းသည် coup ကို အောင်မြင်စေသော အချက်ဖြစ်သည်။ 

ဘာကြောင့် Coup လုပ်ရဲတာလဲ။ 

တန်ပြန်တော်လှန်မှု အားနည်းမည်ဟု ယုံကြည်ခြင်း၊ စစ်ဘက်အရပ်ဖက် အာဏာရှိသူများ ပေါင်ကြံခြင်း၊ အရပ်ဖက်အဖွဲ့အစည်းနှင့် လူထုဧ။် အကြောက်တရားအားကောင်းခြင်းတို့ကို သိရျ် coup attempt ကျူးလွန်ကြခြင်း ဖြစ်သည်။ 

ဘာကြောင့် Coup အောင်မြင်လဲ။

လူအများစု ပြန်မတော်လှန်ရဲလို့။Coup ကို တားမြစ်တဲ့ anti-coup defense policy နဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းလို့အရင်က အောင်မြင်ဖူးတဲ့ာသမိုင်းရှိလို့။လူထုဟာ ကိုယ့်ပါဝါကို သံသယဝင်ပြီး coup ကို လူထုအားနဲ့ နှိမ်နင်းနိုင်တယ်ဆိုတာကို မယုံကြည်လို့။ လူထုက coup ကို ဘယ်လိုနှိမ်နင်းရမယ် မသိလို့။ 

Coup ကို ဘယ်လိုကာကွယ်မလဲ။ 

အခြေခံဥပဒေအရ anti-coup law ရှိရုံမျှနှင့် မလုံလောက်ပါ။Coup ခေါင်းဆောင်တွေဟာ အခြေခံဥပဒေကို လေးစားလေ့မရှိကြ။ နိုင်ငံတကာ ဖိအားမှာ မလုံလောက်။နိုင်ငံတကာ အကူအညီ မျော်လင့်နေခြင်းမှာ naive ဖြစ်။ လက်တွေ့မှာ ပြည်တွင်းတော်လှန်မှုကိုသာ အားပေးနိုင်ကြသည်။ အများအားဖြင့် Coup များကို ပြည်ပအင်အားတစ်ခုခုက အထောက်အပံ့ပေးထားနိုင်သည်။ 

You've reached the end of published parts.

⏰ Last updated: Oct 08, 2022 ⏰

Add this story to your Library to get notified about new parts!

Anti-coupWhere stories live. Discover now