His everything

96 4 0
                                    


အစ်ကိုက ကဝေငယ်လေးလို ပြုစားနိုင်လိုက်တာ...
အစ်ကိုနဲ့ပတ်သတ်ရင်အစိတ်အပိုင်းတစ်ခုချင်းစီကိုတောင်မြတ်နိုးမိနေပြီ...

ဂစ်တာတီးနေတဲ့ အကြောစိမ်းလေးတွေနဲ့လက်သွယ်သွယ်လေးတွေ.....

ပြုံးရယ်လိုက်တိုင်းမို့တက်သွားတဲ့ ပါးပြင်ထက်က ပါးချိုင့်ပိစိလေးနဲ့ မှိတ်ကျသွားတတ်တဲ့မျက်လုံးလေးတွေ.....

မေးစေ့နဲ့ရင်အုပ်ပေါ်ကမှည့်နက်လေးတွေ.....
အမြဲပြုံးနေတတ်တဲ့သေသပ်တဲ့နှုတ်ခမ်းပါးတွေ...

ပျော်ရွှင်မှုတွေကူးစက်စေတဲ့ဖြူစင်တဲ့အပြုံးတွေ...

အစ်ကို့ ကမ္ဘာငယ်လေးကိုငေးကြည့်နေတတ်တဲ့နူးညံ့တဲ့မျက်ဝန်းတွေ...

အစ်ကို့အရာအားလုံးဟာမြတ်နိုးစရာအတိပါဘဲလား အစ်ကိုရယ်....

ညီမလေ အစ်ကို့ကိုဘယ်လောက်တောင်မြတ်နိုးမိလဲဆိုရင် အစ်ကို့အပေါ်ထားတဲ့ အဖြူရောင် မေတ္တာကိုအရောင်အစွန်းမခံနိုင်တဲ့အထိမြတ်နိုးတယ်...

Päññ🍎
9.10.2022
12:22AM

You've reached the end of published parts.

⏰ Last updated: Oct 08, 2022 ⏰

Add this story to your Library to get notified about new parts!

For my sMile:)Where stories live. Discover now